💓The Day We First Met💓

Start from the beginning
                                        

"ဒီနေ့ အကုန်လှည့်ပတ်ပြီးတော့ စျေးတွေလဲဝယ်ထားတာ ပင်ပန်းနေပြီမို့.လား.."

သူ့မျက်ဝန်းတွေထဲသို့ ပြန်လည်စိုက်ကြည့်လာသော သူမ၏မျက်ဝန်းလေးတွေက သူ့ကိုအလိုလိုက်အကြိုက်ဆောင်ချင်သော အရိပ်အယောင်တွေနှင့်ပြည့်နှက်နေလျှင် သူမဘက်က မဖြေခင်မှာပဲ သူကအရင် ကြိုပြောလိုက်သည်။

"ကိုယ့်စိတ်ကိုလွှတ်ပေးလိုက်ရင် တစ်ညလုံးဖြစ်သွားလိမ့်မယ်...။သဲက ပင်ပန်းနေပြီဆိုတော့ ဒီနေ့ ဒီလောက်ပဲ...၊နောက်ရက်တွေတော့ ကိုယ့်ကိုမတားရဘူးနော်..."

"ဘာကိစ္စတားနေရဦးမှာလဲ...။တားစရာအကြောင်းမရှိဘူး..."

သူမ၏အပြောကို သူ့နှုတ်ခမ်းတွေက သဘောကျကျေနပ်စွာပင် ပြုံးသွားရင်းမှ နဖူးပေါ်ကိုထိကပ်လာကာ

"ကိုယ့်စကားကိုယ် သေချာမှတ်ထားနော်..."

ထိုသို့ဖြင့် စကားအဆုံးမှာ နဖူးပေါ်ကနေ တဖြည်းဖြည်းရွေ့ဆင်းလာသော သူ့နှုတ်ခမ်းတွေက လည်တိုင်ကနေ ရင်ဘတ်ပေါ်ရောက္မှသာ ရပ်တန့်သွားတော့သည်။သို့နှင့် အတန်ငယ်ကြာခိုဝင်ကာ စုပ်ယူငုံထွေးနေရင်းမှ ခဏလောက်ရပ်နားထားသောခရီးကို ပြန်လည်ရှေ့ဆက်လိုက်ရင်း နဂိုကတည်းကစိတ်လျှော့ထားပုံရသောသူသည် အချိန်မကြာစေဘဲ ပြီးဆုံးသွားလေသည်။ထို့နောက္မှာတော့ ထုံးစံအတိုင်းပင် သူ့ရင်ဘတ်ပေါ်တင်ပြီး ထွေးပွေ့ထားကာ သူမနှင့်ဆုံတွေ့ခဲ့ရသော အချိန်ကာလတွေကိုပြန်တွေးမိရင်း သူ့လိုပင်ငြိမ်သက်နေသည့် သူမ၏လက်ကလေးတွေကို ဆွဲယူနမ်းရှိုက်၍

"သဲလေး အိပ်ချင်ပြီလား...။ရေချိုးပြီးတော့ အိပ်ရအောင်နော်..."

"ဟင့်အင်း မအိပ်ချင်သေးပါဘူး..."

သူမက ပြောနေရင်း သူ့မျက်နှာကိုမော့ကြည့်ကာ

"ကိုနဲ့ စပြီးဆုံခဲ့တဲ့အချိန်တွေကို ပြန်တွေးနေတာ...။အဲ့တုန်းက ဇွတ်တွေလုပ်လို့အမြင်ကတ်ရပေမဲ့ အခုပြန်တွေးကြည့်လိုက်တော့ ဒီလိုမျိုးဖူးစာဆုံပေးတာကိုပဲ တကယ်ကျေးဇူးတင်မိတယ်...။ပြီးတော့ တွေ့စကနေ အခုချိန်ထိ ကိုဘယ်လောက်တောင်ချစ်ပေးခဲ့လဲဆိုတာ သေချာတွေးကြည့်လေ ပိုသိလာလေပဲ..."

You are the only Exception!Where stories live. Discover now