💓The Day We First Met💓

Start from the beginning
                                        

"ကိုက ကူညီပေးတဲ့သူဆိုတော့ အမှုမဲ့အမှတ်မဲ့နဲ့ သိပ်မမှတ်မိလောက်ဘူး...။သဲကတော့ သေချာကိုမှတ်မိတယ်...။ဘာလို့လဲဆိုတော့ ဘဝမှာ အဲ့တစ်ခါပဲ လူကွဲဖူးတာမို့လို့။အဲ့ဒီနောက်ပိုင်း ကိုကြီးရော ကိုကိုရောက မျက်စိဒေါက်ထောက်ကြည့်နေကြတော့တာ..၊ဘယ်သွားသွား အလွတ်ကိုမပေးတော့ဘူး..."

"ကိုယ် သဲကို ပြန်ထည့်ပေးလိုက်တဲ့နှစ်ယောက်က ကိုဘုန်းနဲ့ အံ့မခန်းထင်မို့လား...။ပုံစံတွေကို ရေးရေးလေးမှတ်မိနေသေးတယ်...။ပြီးတော့ ကိုယ့်လက်ကိုဆွဲထားတဲ့ကလေးလေး...။အဟွန်း..အခု သေချာပြန်စဉ်းစားကြည့်မှ အဲဒီပုံစံလေးကိုပြန်ပေါ်လာတယ်...။ကိုယ့်ကို မော့မော့ကြည့်နေတဲ့ပုံလေး..."

သူမက ကြည်နူးစွာပြုံးမိရင်း ဦးနှောက်ကတစ်ဆင့် မျက်လုံးထဲမှာ တစ်ကွက်ချင်းပေါ်လာနေသောသူ့ပုံရိပ်တွေကို အမိအရဖမ်းယူကြည့်ကာ ပြန်ပြောမိသည်။

"ကို့ပုံစံကိုတော့ အခုထိ စွဲနေအောင် မှတ်မိတုန်းပဲ...။လက်က လက်စွပ်မောင်းကွင်းလေးကအစ မှတ်မိတယ်...။ဒီကိုကိုနဲ့ပါထပ်ကွဲရင် ပြန်ရှာလို့ရအောင်ဆိုပြီးတော့ တစ်ကိုယ်လုံးကိုသေချာကြည့်ပြီး အလွတ်မှတ်ထားတာ...။ဒါပေမဲ့ ရုပ်ကိုတော့ သေချာမမှတ်မိတော့ဘူး...။ခပ်ရေးရေးပဲ စဉ်းစားလို့ရတယ်...။ပြီးတော့ အဲ့တုန်းက ကိုနဲ့တွေ့တဲ့အချိန်မှာ ဖြစ်သွားမိတဲ့စိတ်ကို အခုထိခံစားလို့ရသေးတယ်...။ကိုကိုတို့နဲ့ပြန်မတွေ့ရင်လဲ ဘာမှမဖြစ်ဘူး...။ဒီကိုကိုနဲ့လိုက်သွားမယ်ဆိုပြီးတော့ ကလေးအတွေးနဲ့ စိတ်ချမ်းသာနေသေးတာ..."

"ပြန်တွေးကြည့်လေ ရင်တွေခုန်ရလေပဲ...။ကိုယ်တို့က တကယ်ကိုဖူးစာပါလာပြီးသား...။ကိုယ်ပြောနေကျလိုပဲ...၊ကိုယ့်မိန်းမဖြစ်လာရမဲ့ ကံကြမ္မာက နဂိုကတည်းကပါလာပြီးသား...၊ဟုတ်တယ်မို့လား..."

"အွန်း..ဒီတစ်ခါထောက်ခံတယ်...။တကယ် အဲ့လိုပါလာပြီးသားပဲ..."

သို့နှင့် သူက တက်ကြွစွာပြန်ပြောနေသော ရင်ခွင်ထဲကသူမလေးကို ပို၍တင်းကျပ်စွာပွေ့ဖက်လိုက်လျှင် သူမက ဆတ်ခနဲတုန်သွားရသည်။ထိုအခါ ဘာဖြစ်သွားသည်ဆိုတာကို နားလည်လိုက်သောကြောင့် သူက မေးလေးကိုပင့်တင်ကာ သေချာစိုက်ကြည့်ရင်း

You are the only Exception!Where stories live. Discover now