"သွင်လေး...အန်တီ အဝတ်အစားသွားလဲလိုက်အုံးမယ်ဒီမှာခဏထိုင်နေအုံးနော် အန်ကယ်တော့မရှိဘူးcompanyမှာ...သားကိုနှောင်းလဲအဝတ်အစားသွားလဲတာထင်တယ်..."
"ဟုတ်ကဲ့အန်တီ"
ထို့နောက် နှောင်းမေမေအပေါ်ထပ်တက်သွားသည်။အသွင်တော့ဧည့်ခန်းမှာသာထိုင်နေသည်။ထိုစဉ် ကောင်မလေးတစ်ယောက်က အသွင့်ရှေ့အအေးလာချသည်။
"အကိုလေး..အန်တီကပို့ခိုင်းလိုက်လို့ပါ"
အား..အသွင်လို့ဘဲခေါ်ပါ..အကိုလေးကတစ်မျိုးကြီးဘဲ...အအေးတွက်ကျေးဇူးနော်"
"ဟုတ်ကဲ့"
ထို့နောက်ထိုကောင်မလေး ထွက်သွားသည်။ခဏကြာတော့ ကိုနှောင်းရောက်လာသည်။
"အသွင်...သောက်အုံးလေ"
"ဟုတ်ကဲ့..ကိုနှောင်း"
ထို့နောက်နှောင်းမေမေရောက်လာသည်။
"သွင်လေးနဲ့နှောင်း...ထမင်းစားကြမယ် မေမေပြင်ခိုင်းထားတာ အားလုံးပြီးပြီ လာကြ"
"ဟုတ်မေမေ.."
"ဟုတ်ကဲ့ အန်တီ..."
*********************************************************
ထမင်းစားခန်း၌
"သွင်လေး..ထည့်စားလေ သား..အန်တီချက်တာမကောင်းလို့လား"
"ကောင်းတယ် အန်တီ "
"အဲ့ဆိုထည့်စားနော် အားမနာနဲ့...မေမေရဲ့သားအတုလေး"
"ဟုတ်..ဟီးဟီး"
နှောင်းတော့ ထမင်းသာစားနေသည်။ထိုစဉ်မေမေက

"နှောင်း...သွင်လေးကို ကားမောင်သင်ပေးရမယ်မလား "
"ဟုတ်တယ်မေမေ"
"သေချာသင်ပေးလိုက်အုံး "
"ဟုတ်ကဲ့ပါမေမေရယ် ...တကထဲ"
"ကျုပ်သိလို့ပါ ကျုပ်သားအကြောင်း ကြမ်းကြမ်းတမ်းတမ်းနဲ့"
"စိတ်ချပါ..ကောင်းကောင်းသင်ပေးလိုက်ပါ့မယ်မေမေရာ"
"ပြီးတာဘဲ"
ထို့နောက်နှောင်းမေမေကသာဆက်ပြောသည်။
"သွင်လေး..စားလို့ပြီးပြီလား"
"ဟုတ်ကဲ့အန်တီ..ပန်းကန်ဒီတိုင်းထားထား မိညိုတို့ကိုဆေးခိုင်းလိုက်မယ်"
"ရတယ်..အန်တီ အသွင်ဆေးလိုက်မယ် အသွင့်ပန်းကန်ကိုတော့..အပန်မကြီးပါဘူး"
အသွင်လဲပြောရင်းပန်းကန်ကိုသွားဆေးလိုက်သည်။
"တွေ့လား...နှောင်း.. သူများသားသမီးတွေ...လိမ္မာလိုက်တာနည်းနည်းအတုယူအုံး"
"သားလဲ တစ်ခါတစ်လေဆေးပါတယ် လိမ္မာပါတယ်မေမေရာ"
"လိမ်ပြီးမာတာလား..."
"ကောင်းပြီး ကောင်းပြီ အတုယူပါမယ်"
နှောင်းလဲ မေမေနဲ့ဆက်မငြင်းချင်တော့၍ပြောလိုက်သည်။
"ပြီးတာဘဲ"
***********************************************************
အသွင်တို့ထမင်းစားပြီး၍ဧည့်ခန်းမှာပြန်ထိုင်နေကြသည်။ခဏနေတော့ ကိုနှောင်းမေမေကမေးလာသည်။
"သား...သွင်လေး...စားတာအဆင်ပြေလား..."
"ပြေပါတယ် အန်တီလက်ရာဘဲဟာ..ကောင်းမှကောင်းပေါ့"
"သားပြန်တော့မလား ...နှောင်းက်ုပို့ခိုင်းလိုက်မယ်"
"ဟုတ် အန်တီ ဒီနေ့အတွက်ကျေးဇူးပါအန်တီ..taxiနဲ့ဘဲပြန်လိုက်ပါ့မယ်"

မုသားဖြင့်လှည့်စား၍Where stories live. Discover now