"သံစဉ်က..."

"ဆက်ပြောလေ..."

"အမှန်တော့ သံစဥ်နင့်ဆီတမင်မလာခဲ့တာမဟုတ်ပါဘူး သူမလာနိုင်ခဲ့တာပါ...."

"မလာန်ိုင်ခဲ့တာဟုတ်လား ဘာအကြောင်းကြောင့်လဲ"

နန်း ခနဲ့ကာမေးလိုက်တော့ ရတီစိတ်မကောင်းစွာနဲ့နန်းကိုကြည့်ရင်း

"သံစဥ် သူမလာနိုင်ခဲ့တာ...."

"အဲ့နေ့မှာပဲ....သူဆုံးသွားခဲ့လို့.."

"ဘာ"

နန်း တုန်လှုပ်သွားသည်။

"ရတီ နင်..နင်ဘာပြောလိုက်တာလဲ သံစဥ်ဘာဖြစ်တယ်"

နန်းရဲ့အသံက တုန်ယင်နေသည်။ရတီ တုန်လှုပ်သွားရှာတဲ့ နန်းကိုမကြည့်ရက်၍ ခေါင်းကိုငုံ့ချလိုက်သည်။ပြီးမှ...

"ဟုတ်တယ် နန်း နင်suicideလုပ်တဲ့နေ့မှာပဲ သူရှောခ့်ရပြီး တစ်ခါတည်းဆုံးသွားတာ"

"ဘာ"

နန်းမျက်၀န်းမှ မျက်ရည်တို့ကအတားအဆီးမဲ့စွာစီးကျလာခဲ့သည်။

"တစ်ကယ်တော့သံစဥ်ကနှလုံးရောဂါသည်တစ်ယောက်ပါ သူ့ရောဂါအကြောင်းကိုငါရယ် အဆောင်ပိုင်ရှင်အန်တီမြနွယ်ရယ်ပဲသိတာ"

"သံစဥ်က သူ့ရောဂါအကြောင်းနင့်ကို မသိစေချင်ဘူး နင်စိတ်မကောင်းဖြစ်မှာစိုးလို့"

"နောက်ဆုံး သူနင့်ကိုလမ်းခွဲတဲ့ချိန်မှာသူ့ရောဂါကအခြေနေတော်တော်ဆိုးနေပြီ "

"သံစဥ်က သူ့ရောဂါအခြေနေဆိုးနေတာ ငါတို့မပြောနဲ့သူ့မိဘတောင် သူအသိမပေးခဲ့ဘူး သူကတိတ်တိတ်လေး တစ်ယောက်ထဲလောကကြီးထဲက ထွက်သွားဖို့လုပ်ခဲ့တာ"

နန်း အဖြစ်မှန်ကိုသိလိုက်ရချိန်မှာ မယုံနိုင်ဖြစ်မိသည်။နန်း ၈နှစ်လုံးမုန်းလို့လဲမရ မေ့လို့လဲမရပဲ နာကြည်းလာခဲ့ရသူက ဒီလောကကြီးထဲမရှိတော့ဘူးတဲ့။ပြီးတော့ သူသေဆုံးရတာကလဲနန်းကြောင့်တဲ့လား။နန်း အားရပါးရရှိုက်ငိုမိတော့သည်။

"ဖြစ်မှဖြစ်ရလေ သံစဥ်ရယ်"

"ငါ့ကိုဘာလို့မပြောခဲ့ရတာလဲ"

True LoveTempat cerita menjadi hidup. Temukan sekarang