ဆောင်းကန်တင်းမှာထမင်းစားနေစဥ်ဆိုင်ထဲ တီချယ်၀င်လာတော့ ဆောင်းအရမ်းပျော်သွားမိသည်။တီချယ်နဲ့ ရင်းနှီးမှုရဖို့ ဆောင်းဘက်ကစကြိုးစားဖို့ဆုံးဖြတ်လိုက်သည်။နန်း စားသောက်ပြီးပိုက်ဆံရှင်းခါနီး ဆိုင်ထဲမှာအရုပ်ကလေးနဲ့တူတဲ့ကလေးမလေး တစ်ခုခုအခက်တွေ့နေပုံရသည်။သူမအိတ်ကို နှိုက်လိုက် ဖုန်းကိုကြည့်လိုက်နဲ့ လုပ်နေတာ အချိန်မနဲတော့။နန်းသဘောပေါက်လိုက်သည်။
နန်း ပိုက်ဆံရှင်းတော့ ကလေးမအတွက်ပါရှင်းခဲ့ပေးလိုက်သည်။
ဆိုင်ထဲကထွက်သွားတဲ့ တီချယ်နောက်ဆောင်းအပြေးလိုက်ရင်း
"တီချယ် "
"ကူညီပေးတဲ့အတွက်ကျေးဇူးတင်ပါတယ် ဆောင်းက ဒီနေ့မှအဆောင်မှာပိုက်ဆံအိတ်မေ့ကျန်ခဲ့တာ.... "
"ဖြစ်တတ်ပါတယ် ကလေးရဲ့ တီချယ်တို့လဲတစ်ချိန်ကဖြစ်ဖူးတော့နားလည်ပါတယ်"
"ဟီး..."
ဆောင်း ရှက်ရှက်နဲ့ရယ်မိသည်။အမှန်တော့ ဆောင်းမှာပိုက်ဆံအိတ်ပါရဲ့နဲ့တမင်လုပ်တာပါ။တီချယ်ကတော့ မသိရှာဘူး...။
"ဆောင်းပြန်ပေးပါ့မယ်နော်....တီချယ်"
" ဟို....ဆောင်းကိုလေတီချယ့်ဖုန်းnoလေးပေးထားပါလား"
" နက်ဖြန်ဆောင်းတီချယ့်အဆောင်လာရင်ကြိုဆက်လို့ရအောင်"
ရှက်နေတဲ့ရုပ်ကလေးနဲ့သူမဖုန်းနံပါတ်တောင်းနေတဲ့ ကလေးကိုကြည့်ရင်းနန်းပြုံးလိုက်မိသည်။အပြစ်ကင်းလိုက်တာ ကလေးရယ်။
ဆောင်းတီချယ့်ဖုန်းလေးကိုယူပြီး သူမဖုန်းကိုခေါ်လိုက်သည်။
"ဒါက ဆောင်းရဲ့ဖုန်းနံပါတ်တစ်ခါတည်းcontactမှတ်ထားလိုက်မယ်နော် တီချယ်"
"ဆောင်းသံစဥ်"ဆိုပါလား နာမည်လေးကလှသလို
တစ်ချိန်ကသူမရဲ့အရင်းနှီးဆုံးလူသားတစ်ယောက်ရဲ့နာမည်နဲ့တောင်ဆင်တူနေသေးသည်။နန်း ကလေးကိုဖုန်းnoပေးလိုက်ပြီးတဲ့နောက်မှာကလေးနဲ့နန်း ရင်းနှီးမှုပိုလာခဲ့သည်။ညတိုင်းmessengerမှာစကားပြောဖြစ်သလို ဖုန်းလဲမကြာခဏပြောဖြစ်သည်။မနက်တိုင်းလဲ ကျောင်းအတူသွားဖို့အဆောင်မှာလာကြိုပေးတယ်။ကလေးက နန်းတို့ဆရာမအဆောင်ကို မကြာခဏအလည်လာလေ့ရှိပြီး အဆောင်ကဆရာမတွေနဲ့တောင်အတော်လေးရင်းနီးနေခဲ့သည်။
YOU ARE READING
True Love
Romanceကျူတာဆရာမလေးနဲ့ကျောင်းသူလေးရဲ့အချစ်ဇာတ်လမ်းကိုစိတ်ကူးယဉ်ပြီး ရေးထားခြင်းသက်သက်ပါ။မည်သူတစ်ဦးတစ်ယောက်မှထိခိုက်ဖို့မရည်ရွယ်ပါ။