AMAR DE NUEVO

1.6K 113 6
                                    

Unicode

ᴀᴍᴀʀ ᴅᴇ ɴᴜᴇᴠᴏ

အကွာအဝေးက နီးသထက်နီးလာသည်။ မလှုပ်မယှက်ရပ်နေတဲ့ ဂျယ်မင်းက နေရာကရွေ့ဖို့ အစီအစဥ်မရှိသလို ဂျယ်နိုကလည်း ခြေလှမ်းတွေကို ရပ်တန့်ဖို့ အစီအစဥ်မရှိ...

သူတို့နှစ်ယောက်ရဲ့ ကြားမှာ ခပ်ဖြည်းဖြည်းတိုက်ခတ်နေတဲ့ လေညှင်းကလွဲရင် ဘာမှမရှိ... နေဝင်ချိန်ရဲ့ ခပ်နွေးနွေး နေရောင်ခြည်က နှစ်ယောက်လုံးရဲ့ မျက်နှာပေါ်တွေမှာ ကျရောက်နေပေမယ့် သူတို့မမှုဘူးလေ...

အခုချိန်မှာ ဂျယ်နိုအလုပ်ချင်ဆုံးက ဂျယ်မင်းကို ဖက်ထားခြင်း ဖြစ်သည်။ ရင်ခွင်ထဲ မြုပ်နေအောင် ဖက်ထားပြီး နဖူးကို ခပ်ဖွဖွ နမ်းချင်သည်။

မတွေ့ရတဲ့ အချိန်တွေက လက်ချိုးရည်ဖို့တောင် ကြာလွန်းတာမို့ ဂျယ်နိုမတွေးချင်... လက်ရှိ ဂျယ်မင်းကို ရင်ခွင်ထဲ ထည့်ထားချင်တာပဲ သိသည်။

ဒါပေမယ့်...

နီးကပ်လာတဲ့ အကွာအဝေးတစ်ခုမှာ ဂျယ်မင်းက သူ့ခြေလှမ်းတွေကို အနောက်ဆုတ်လိုက်တာမို့ ဂျယ်နိုရဲ့ ဆုတောင်းမပြည့်လိုက်ပါ။

သူတို့နှစ်ယောက်ရဲ့ ကြားမှာ ၂မီတာတောင် မခြားတော့... ဂျယ်မင်းခြေလှမ်းတွေကို အနောက်ဆုတ်လိုက်တော့ ဂျယ်နိုအလန့်တကြားနဲ့ သူ့ခြေလှမ်းတွေကို ရပ်တန့်မိသည်။

"ဂျယ်မင်း..."

ဂျယ်နိုရဲ့ခေါ်သံ တိုးလွန်းလို့ ဂျယ်မင်းကြားနိုင်မယ်မထင်...

တိုးလွန်းတဲ့ခေါ်သံကို မကြားတဲ့ ဂျယ်မင်းက ဂျယ်နိုကို ကျောခိုင်းပြီး လှည့်ထွက်သွားသည်။ အခုမှ အသိစိတ်ပြန်ဝင်လာတဲ့ ဂျယ်မင်းက ဂျယ်နိုကို တစ်ချက်ကလေးတောင် လှည့်မကြည့်ခဲ့ပါဘူး...

ဂျယ်မင်းရဲ့ကျောပြင်ကို ကြည့်ပြီး ဂျယ်နိုမျက်ရည်ဝဲမိသည်။ ဒီလိုပုံစံမျိုးနဲ့ သူဂျယ်မင်းကို အကြိမ်ပေါင်းများစွာ ထားခဲ့ဖူးတယ်မလား... အဲ့အကြိမ်ပေါင်းများစွာထဲမှာ သူ ဂျယ်မင်းကို တစ်ခါမှ လှည့်မကြည့်ခဲ့ဘူးလေ... သူသာလှည့်ကြည့်ခဲ့မယ်ဆိုရင် မျက်ရည်တွေနဲ့ ဂျယ်မင်းကို သူမြင်ခဲ့မှာ... အခုသူ့လိုမျိုးပေါ့...

AMAR DE NUEVO [NoMin]Where stories live. Discover now