AMAR DE NUEVO

1.1K 115 0
                                    

Unicode

AMAR DE NUEVO

ရှပ်အင်္ကျီအကွက်လေးကို အပေါ်ကနေထပ်ဝတ်လိုက်ပြီး ကျောပိုးအိတ်ကို လွယ်လိုက်သည်။ အခန်းထဲကမထွက်ခင် မှန်ထဲကြည့်လိုက်တော့ မြင်လိုက်ရတဲ့ ရွှေရောင်ခပ်ဖျော့ဖျော့ ဆံပင်​တွေ...

လွန်ခဲ့တဲ့၂ပတ် ကျောင်းအပ်တဲ့နေ့ ဆံပင်ညှပ်ဆိုင် အတင်းခေါ်သွားတဲ့ ဟယ်ချန်းက ဆံပင်ညှပ်ခိုင်းတာတင်မဟုတ်ဘဲ ဆေးပါဆိုးခိုင်းတာမို့ ဂျယ်မင်းရဲ့ ဆံပင်တွေ အညိုရောင်ကနေ ရွှေရောင်နဲ့ အပြာရောင်ကိုပြောင်းသွားခဲ့သည်။

ဟိုက်လိုက်ပါ အတင်းဖောက်ခိုင်းလို့ ရှေ့ဆံပင်ကို အပြာရောင် ဆိုးလိုက်သည်။ ဒီလိုအရောင်မျိုး ပထမဆုံးဆိုးဖူးတာမို့ မှန်ကြည့်တိုင်း နေရခက်နေသည်။

တိုက်ခန်းကနေ ထွက်လာပြီး ကျောင်းကို bus စီးသွားသည်။ မနက်ခပ်စောစောမို့ bus ပေါ်မှာ လူသိပ်မကျပ်...

ဒီလိုအခြေအနေမျိုးကို ဂျယ်မင်းသဘောကျသည်။ မနက်စောစော လူတွေရဲ့ သွားလာလှုပ်ရှားနေပုံကို bus ပြတင်းပေါက်ကနေ ကြည့်ရတာမျိုး... တစ်မှတ်တိုင်ပြီး တစ်မှတ်တိုင် ဆင်းသွားတဲ့လူတွေ တက်လာတဲ့လူတွေကို စိတ်ထဲက ရေရတာမျိုး... ဆင်းမယ့်မှတ်တိုင်မရောက်ခင် ဆင်းဖို့ပြင်ဆင်ရတာမျိုး...

ကျောင်းရှေ့ရောက်တော့ ဖုန်းကို ထုတ်ပြီး အင်ဂျွန်းနဲ့ ဟယ်ချန်းကို မက်ဆေ့ချ် ပို့လိုက်သည်။

najaemin.0813 - ငါကျောင်းရှေ့ရောက်နေပြီ

yellow_3to3 - ငါလည်းရောက်တော့မယ်

fullsunnieHC -  အတန်းထဲမဝင်ခင် ငါ့ကိုစောင့်ကြဦး

စာပို့ပြီး အတန်းထဲမဝင်သေးဘဲ ကျောင်းပန်းခြံထဲက ခုံမှာစောင့်နေလိုက်သည်။ ဂျယ်မင်းတို့ အတန်းတက်ဖို့ စောနေသေးတယ်လေ...

"ငါရောက်ပြီ... အီဟယ်ချန်းရော"

အင်ဂျွန်းမေးတော့ ဂျယ်မင်းခေါင်းခါပြသည်။ ဆံပင်ညှပ်ထားတဲ့ အင်ဂျွန်းက တက္ကသိုလ်နောက်ဆုံးနှစ်ကျောင်းသားနဲ့မတူဘဲ အလယ်တန်းကျောင်းသားလေးနဲ့ တူနေသည်။

AMAR DE NUEVO [NoMin]Where stories live. Discover now