AMAR DE NUEVO

1K 109 11
                                    

Unicode

ᴀᴍᴀʀ ᴅᴇ ɴᴜᴇᴠᴏ

အိပ်ရတာ သက်တော့သက်သာမရှိလို့ ဂျယ်နို နိုးလာသည်။ ခေါင်းတွေ ထိုးကိုက်ပြီး ခန္ဓာကိုယ်ကလည်း ကိုင်ရိုက်ထားသလို နာကျင်နေတာကြောင့် ညည်းညူပြီး ထမိသည်။

ရုတ်တရတ်သတိထားမိလိုက်တာက ဂျယ်နိုမျက်လုံးတွေ အုပ်ထားခံရတယ်ဆိုတာ... မျက်လုံးကို ဖွင့်ကြည့်ဖို့ လက်လှမ်းလိုက်ပေမယ့် ပူးချည်ခံထားရတဲ့ လက်နှစ်ဖက်ကြောင့် မလုပ်နိုင်...

"ဘယ်သူလဲ... ငါ့ကို ဘာလုပ်ထားတာလဲ"

ပါးစပ်ကိုတော့ မပိတ်ထားတာကြောင့် စကားပြောနိုင်သည်။ ဘေးဘီဝဲယာမှာ လူရှိတဲ့ အရိပ်ယောင်ကြောင့် အသံထွက်မေးမိသည်။

"ဘယ်သူတွေလဲ? ဘာလိုချင်လို့လဲ? ငါ့ကို အခုချက်ချင်းလွှတ်"

စကားဆုံးတော့ အုပ်ထားတဲ့ မျက်လုံးတွေကို လူတစ်ယောက်က လာဖြုတ်ပေးသည်။ စူးခနဲအလင်းရောင်ကြောင့် မျက်လုံးကို တော်တော်နဲ့ မဖွင့်နိုင်... ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်မိတော့ ဂျယ်နို ဗန်ကားတစ်စီးပေါ်မှာ ရောက်နေတာဖြစ်သည်။

'အစ်ကိုလေး နိုးလာပြီလား?'

စကားသံကြောင့် ကြည့်မိတော့ အဖေ့ရဲ့ လူတွေ...

"ငါ့ကို ဘာလုပ်ထားတာလဲ?"

'သူဌေးရဲ့ အမိန့်အတိုင်းလုပ်ရတာပါ'

"ငါ့ကို ဘယ်ခေါ်သွားနေတာလဲ?"

'အစ်ကိုလေးအခု အမေရိကားရောက်နေတာပါ'

ဂျယ်နိုရဲ့ ခေါင်းတွေပူထူသွားသည်။ အမေရိကားကိုတောင် ရောက်အောင်ခေါ်လာနိုင်တဲ့ သူ့အဖေကိုလည်း အရမ်းအံ့ဩသွားသည်။

"ဘယ်လို? အမေရိကား?"

'သူဌေးဆီက ဖုန်းလာပါတယ် အစ်ကိုလေး'

ချည်ထားလက်ကို မဖြုတ်ပေးဘဲ ဖုန်းကို နားမှာကပ်ပေးသည်။

'နိုးပြီလား သား... အမေရိကားကနေ ကြိုဆိုပါတယ်'

"ကျွန်တော့်ကို ဘယ်လိုခေါ်လာတာလဲ?"

'အသာတကြည်ခေါ်လို့မရတဲ့ မင်းကို မေ့ဆေးထိုးပြီး ခေါ်လာတာလေ... ဆေးက အတော်ပြင်းပုံရတယ်... ၁၂နာရီကျော်မှ ပြန်နိုးလာတယ်ဆိုတော့...'

AMAR DE NUEVO [NoMin]Where stories live. Discover now