အခန်း(၅)

Start from the beginning
                                    

“မဟုတ်ပါဘူး”

သွမ့်ရှန်က သူ့အစည်းအဝေးပြီးသည်နှင့် စာသင်နေခြင်းမှ ထွက်သွားသည်။ လင်းရှီက ချက်ချင်း ဘောပင်ကို ပစ်ထုတ်လိုက်ပြီး ထိုင်ခုံကို မှီလိုက်ကာ ဖုန်းထုတ်ပြီး နောက်တစ်ဖန် ဂိမ်းဆော့တော့သည်။

ခဏအကြာတွင် တံခါးအပြင်ဘက်တွင် ဘာမှလှုပ်ရှားမှု ရှိမနေကြောင်း သတိပြုလိုက်မိပြီး ထရပ်လိုက်သည်၊ သူအိပ်နိုင်အောင် သူ့အခန်းကို ပြန်သွားဖို့ စီစဥ်လိုက်သည်။

သူဗီရိုကို ဖြတ်သွားတဲ့အခါမှာ တံခါးက ပွင့်နေသည်ကို သတိပြုမိလိုက်သည်။ ကော်ဇော်ပေါ်မှာတော့ အနက်ရောင်ခရီးဆောင် သေတ္တာကို ဖွင့်ထားသည်။

လင်းရှီရဲ့ အကြည့်သည် ညာဘက်ရှိ အနောက်တိုင်းဝတ်စုံများနှင့် ရှပ်အင်္ကျီများအပေါ်သို့ ရောက်သွားသည်။

သူက ပိုမိုနက်မှောင်တဲ့ ရှပ်အင်္ကျီများကြားတွင် ချောကလက်ရောင်ကို ရိပ်ခနဲမြင်လိုက်ရပြီး သူ့ခြေလှမ်းတွေ ဒယီးဒယိုင်ဖြစ်သွားရသည်။

သူက ခိုးကြောင်ခိုးဝှက် ဝင်လာလိုက်သည်။
ဒီအိမ်က သွမ့်ရှန်အိမ်ပြီးတော့ ဗီရိုဟာလည်း သွမ့်ရှန်ဗီရိုပဲဖြစ်သည်။ လင်းရှီအရာတွေဟာ ဘယ်တော့မှ အထဲတွင် မရှိခဲ့ပါ။

သူက စျေးကြီးတဲ့ ရှပ်အင်္ကျီကို ဘေးကိုတွန်းမဖယ်ခင် တုံ့ဆိုင်နေခဲ့သည်။ ထိုအရာကို သေသေချာချာ မြင်ရသည်အထိ ချောကလက်ရောင် hoodie ကို ဖြေးဖြေးချင်း ဆွဲထုတ်နေခဲ့သည်။  လင်းရှီက မျက်တောင်ခတ်လိုက်ကာ အံ့သြမှုများ ရှိနေသည်။

သွမ့်ရှန်က ဘယ်တော့မှ hoodie တွေ မဝတ်ပေ။ ဒီအရာက သူ့ဟာပေ။ သူ ၁၆နှစ်တုန်းက သွမ့်ရှန်နေရာမှာ တစ်ကြိမ်အိပ်ခဲ့ဖူးသည်။ သူနိုးလာတဲ့ မနက်မှာတော့ သွမ့်ရှန်ရဲ့ ဂျာကင်တွေထဲက တစ်ခုကို အလစ်သုတ်သွားပြီ သူ့ကိုယ်ပိုင် hoodie ကိုတော့ ချန်ထားခဲ့သည်။

ဧည့်ခန်းထဲမှ ခြေလှမ်းတွေဟာ နီးသထက် နီးလာသည်။ သူတတ်နိုင်သမျှ အမြန်ဆုံး hoodie ကို ဗီရိုထဲ ထိုးထည့်လိုက်သည်။

ဒီအပြေးအလွှား လှုပ်ရှားမှုမှာ သွမ့်ရှန်ရဲ့ နက်တိုင်တွေကို မတော်တဆ ဆွဲယူလိုက်မိသည်။ သူက အလျင်အမြန် ငုံလိုက်ကာ နက်တိုင်ကို ကောက်ယူလိုက်ပြီး လုံးထွေး၍ သူ့အိတ်ကပ်ထဲ သိပ်ထည့်လိုက်သည်။

Unexpected Marriage Where stories live. Discover now