ယောင်းအတွက်သာ 💜

Start from the beginning
                                    

ချစ်တယ် နေ့တိုင်းယောင်းကိုချစ်တယ်ပြောနေတယ်
ကျွန်တော်မငြီးငွေ့ဘူးယောင်းကိုချစ်နေရတာကိုသဘောကျတာ..

‌ယောင်းကိုချစ်လို့နာကျင်စေရတာကိုသိတယ်ဒါပေမယ့်နာကျင်စေရပေမယ့်ယောင်းကိုချစ်ခဲ့လို့နောင်တမရဘူး...

ညညဆိုယောင်းနဲ့ဘယ်တော့များမှတွေ့ဆုံခွင့်ရမလဲဆိုပြီးငိုမိတယ် နာကျင်ရတယ်ယောင်းရယ် ....

မဖြစ်နိင်တဲ့ပိုင်ဆိုင်ခွင့်ပေးပါဆိုတဲ့ဆုတောင်းမျိုးကိုတောင်းတာကျွန်တော်မိုက်ရူးရဲဆန်နေသလားယောင်း ...တစ်ကယ်ဆိုတွေ့ဆုံခွင့်ပေးပါလို့ဘဲ ဆုတောင်းရမှာလား ...

‌ရူးတယ်ဘဲပြောမလားယောင်း တစ်ခါတစ်လေ
ယောင်းနဲ့တူတဲ့အချက်လေးရှိချင်လို့ ညနက်တွေဆို
ဒီချိန်ဆိုလည်းယောင်းအိပ်နေတာဘဲငါနဲ့တူတယ်ဆိုပြီးအရူးထပြီးပျော်နေတတ်တယ် ယောင်း...

ယောင်းက မိုးပေါ်ကကြယ်လေးတွေနဲ့တူတယ်
အရမ်းလှတယ် လင်းလက်တယ် ပြီးတော့
ဖမ်းယူလို့မရသလိုဆုပ်ကိုင်ခွင့်လဲမရှိဘူး
ယောင်းကိုငေးကြည့်ရုံလေးဘဲတတ်နိုင်တယ် ....

ညဆိုအိပ်ရင်ယောင်းရဲ့သီချင်းလေးကိုနားထောင်ရတာအကျင့်ဖြစ်လို့နားထောင်ရင်းမျက်ရည်လေးတွေတောင်ဝဲတယ်ယောင်းရဲ့ခပ်ဩဩအသံလေးကအရမ်းနားဝင်ချိုတာယောင်း..

လေးထောင့်ဆန်အပြုံးလေးကကျွန်တော့်ကိုမြင်သက်စေတယ်ယောင်းအပြုံးတွေကသိပ်လှတာ ယောင်းကျွန်တော့်အတွက်ဆိုပြီးအနီးကပ်လေးပြုံးပြပေးရင် သိပ်ကောင်းမှာ....

ယောင်းမျက်ဝန်းတွေအရမ်းလှတယ် တစ်ချက်တစ်ချက်ကျွန်တော်အသက်ရှူတောင်ရပ်တယ် ဆွဲငင်အား‌ပြင်းလွန်းလှတယ်ယောင်းကကျွန်တော့ကိုကြည့်ပြီးကျွန်တော်ပုံကယောင်းမျက်ဝန်းထဲပါလာရင်သိပ်ကောင်းမှာ...

နှာထိပ်လေးကမှည့်နက်လေးက ဆွဲမက်စရာလေး
ရင်ခုန်မှုပေးစေတယ် လက်လေးနဲ့ထိခွင့်ရရင်သိပ်ကောင်းမှာ ...

ယောင်းနဲ့ခပ်အုပ်အုပ်ဆံနွယ်‌ကောက်လေးတွေနဲ့ကပိုလိုက်ဖက်တယ် ယောင်းရဲ့ဆံနွယ်လေးတွေက နူးညံ့နေမှာ  အမြဲအိပ်မက်ထဲမှာမက်ဖူးတယ်အဲ့ဆံနွယ်လေးကို ကျွန်တော့လက်နဲ့ ဖွဖွလေးကိုင်နေတာတဲ့တစ်ကယ်သာဆို သိပ်ကောင်းမှာ ယောင်းရယ်......

"မြတ်နိုးရသောကောင်လေးတွေအတွက်သာ ''Where stories live. Discover now