ယောင်းအတွက်သာ 💜

723 76 13
                                    

သဘာဝ‌ဆန်ဆန်လေးဘဲဒီတိုင်းနေတာတောင်
ယောင်းကသိပ်လှတာ မနာလိုမိတယ်ယောင်းကိုတော့မဟုတ်ဘူးတစ်ချိန်ကျရင်ယောင်းအနားမှာရှိလာမဲ့သူကို .......

မေတ္တာဆိုတာ အသွားရှိရင်အပြန်လည်းရှိတဲ့လို့
ပြောတဲ့သူတွေကိုမေးကြည့်ချင်တယ်
ယောင်းကိုသိပ်ချစ်သလို ယောင်းကကောပြန်ချစ်မှာလား...

ဖွဲ့နွှဲ့သီဆိုတာတွေအရမ်းမပြောတတ်ပေမယ့်
ယောင်းနဲ့ပတ်သက်လာရင်နူးညံ့လာတယ် ....

အတ္တဆန်မိတဲ့တွက်တောင်းပန်ပါတယ်ယောင်း
ယောင်းကိုကိုယ့်အပိုင်ဆိုပြီးအမြဲပြောမိလို့.....

ဘာကိုမှမကြောက်တတ်တဲ့ကိုယ်က
ယောင်းနဲ့မဆုံရမှာကိုတော့သိပ်ကြောက်တာ....

ယောင်းကလူလည်လေးသိလား
ချစ်တတ်အောင်လည်းသင်ပေးခဲ့တယ်
Idolတစ်ယောက်ထက်ပိုမချစ်ဖို့လည်းပြောခဲ့တယ်
Friend zoneထဲလဲသွင်းခဲ့တယ် ဒါတောင်
ယောင်းစကားနားမထောင်တဲ့ကျွန်တော့်နှလုံးသားက
မိုက်ရူးရဲစွာနာကျင်မှာသိလျက်နဲ့ယောင်းကိုချစ်နေမိတာ ...

တစ်ချိန်ကျရင်လက်လွတ်ရမယ်ဆိုတာသိတယ်...
ဒါမဲ့ယောင်းရယ် အဲ့နေ့ကျွန်တော်ခံနိင်ရည်ရှိပါ့မလား...

‌ကျွန်တော်ကယောင်းရဲ့အရာရာကိုသိပေမယ့်
ယောင်းကကျွန်တော်ဆိုတဲ့လူရဲ့ဖြစ်တည်မှုတောင်မသိဘူး...အခြေအနေတွေက အရမ်းကွာခြားလွန်းလှတယ် ယောင်းဘာသာစကားအစ လူမျိုး /နေထိုင်မှုပုံစံ အရာအားလုံးကွဲပြားတယ်....

သာမန်ဆယ်ကျော်သက်အရွယ်ကောင်မလေးတစ်ယောက်ဘာပကာသနမှမရှိဘဲရိုးရိုးမိဘလွှမ်းရိပ်မှုအောက်မှာနေရတဲ့ကျွန်တော်က လူတိုင်းရဲ့အချစ်ခံကမ္ဘာကျော်ကောင်လေးချမ်းသာမှု‌ေတာင်တောင်းတာလို့မရတဲ့ကောင်လေးကိုယ်နဲ့အဆင့်အတန်းကွာခြားလွန်းလှတဲ့ သူကိုချစ်မိခဲ့သတဲ့....

ယောင်းရယ် ယောင်းကိုကျွန်တော်အပြင်မာတောင်မတွေ့ဖူးဘူး ဖုန်းလေးပဲအမြဲငေးကြည့်နေရတယ်
ယောင်းနေရပ်နဲ့ကျွန်တော့်နေရပ်မိုင်ပေါင်းများစွာကွာခြားတယ် ယောင်းကကျွန်တော့်ကိုတောင်မသိပေမယ့် ကျွန်တော်ကတော့ ယောင်းကိုသိပ်ချစ်တာ ....

"မြတ်နိုးရသောကောင်လေးတွေအတွက်သာ ''Where stories live. Discover now