အိမ်ငှားတင်မယ်?အကြံကောင်းပဲ

Start from the beginning
                                    

အရင်ဘ၀၌ သူ့အသက်မဆုံးမှီသုံးလခန့်မှသာ သူဟာသန္ဓဆောင်နိုင်သူတစ်ဦးဖြစ်နေသည်ကို သိခဲ့ရသည်မို့ လက်ရှိဘ၀တွင်လည်း နောက်တစ်ကြိမ်ကိုယ်ဝန်ရှိလာတာမျိုးဖြစ်လာနိုင်၏။

ထိုသို့ဖြစ်လာလျှင် သူနှင့်ကလေးအတွက် သူ့လစာလေးဖြင့် မလုံလောက်နိုင်ပါချေ။ ထို့ကြောင့် အလုပ်ကို ပုံမှန်အတိုင်းဆက်လုပ်ဖို့သာ ဆုံးဖြတ်လိုက်သည်။

Ah!
စုစစ်ယန် မေးထောက်ရင်း ကွန်ပြူတာစခရင်ပေါ်က တစ်ဝက်တစ်ပျက် ပြီးစီးနေပြီဖြစ်သည့် filmကိုစိုက်ကြည့်နေသည်။ သူသက်ပြင်းချနေသည်မှာလည်း ၇ကြိမ်ထက်မနည်းတော့ချေ။

သောက်ကျိုးနည်း သူဘာတွေလုပ်ခဲ့မိပါလိမ့်! ဘာလို့များ လွန်ခဲ့တဲ့ပိတ်ရက်က ယောက်ျားတွေနဲ့တွေ့ဖို့ရာ night clubကိုသွားခဲ့မိပါလိမ့်။

မှန်သည် သူယောက်ျားတွေကိုကြိုက်ပါသည်။ ဒါကလည်း သူ့အမှားတော့မဟုတ်ချေ။ သူ့ရဲ့သဘာဝကိုက ဒ်ီအတိုင်းဖြစ်ပြီး ထိုကိစ္စနှင့်ပတ်သက်၍လည်း ဘာမှမတတ်နိုင်ခဲ့ပေ။

ဒါပေမယ့် သူယောက်ျားတွေကို ကြိုက်တယ်ဆိုလျှင်တောင် သူ့အတွက်သင့်တော်တဲ့လူတစ်ဦးရောက်လာတဲ့အထိ အေးအေးဆေးဆေးလေးပဲနေပြီး စောင့်ခဲ့သင့်တာမလား။ ထိုသို့မနေပဲ ကိုယ်တိုင်ပင် မထိန်းနိုင်မသိမ်းနိုင် အစာရှာထွက်လိုက်သေးသည်။

ထိုမျှမက အကြင်နာမဲ့ပြီးတာဝန်သိစိတ်မရှိသူတစ်ဦးကို နှိုးဆွမိပြီး ကိုယ်ဝန်ရလိုက်ရုံတင်မကသေး ထိုသူနှင့်အတူ ကလေးဖျက်ချဖို့ဆေးရုံအထိသွားကာ သူ့အသက်ကိုပင် စွန့်လိုက်သေးသည်။

ကံကောင်း၍ ကောင်းကင်ဘုံကသူ့အဖြစ်ကိုမြင်ပြီး ကြင်နာသနားကာ နောက်တစ်ကြိမ်ပြန်လည်မွေးဖွားခွင့်ကိုပေးခဲ့သည်။ သို့သော်လည်း ကောင်းကင်ဘုံ၏စက္ခုအာရုံက အတော်လေးကိုအဝေးမှုန် မှုန်နေပုံရသည်။

ပြန်လည်မွေးဖွားခွင့်ပေးသည့်အချိန်က အနည်းငယ်လွဲချော်ကာ နောက်ကျနေ၏။ အကယ်၍ သူမွေးဖွားလာသည့်အချိန်မှာ night clubကိုသွားသည့်အချိန်အတော်အတွင်း ဖြစ်နေလျှင်ပင် လမ်းတစ်ဝက်ကလှည့်ပြန်ကာ အိမ်မှာပဲ အိပ်နေလိုက်မည်ဖြစ်သည်။

ငါမင်းကိုတာဝန်မယူစေချင်ဘူး! //IDWYTBR!// [ဘာသာပြန်]Where stories live. Discover now