" ဟွန်းငယ် တစ်ခုခုလိုချင်လို့လား "

ဆယ်ဟွန်းမှာ ကမာကောင်စားချင်တဲ့ ဟာကို ဦးငယ်ကမကျွေးပါ။ဆိုင်ကောင်းလေးရောက်တုန်းရောက်ခိုက်ကို ကိုယ့်တူလေးကြိုက်တာဝယ်ကျွေးတော့ ဘာဖြစ်မှာမို့လို့လဲ။ ဦးငယ်က ဘူးတစ်လုံးခံပြီး ငြင်းနေတာမပြီးနိုင်တော့။

ဦးငယ်ကို မရမကတောင်းနေရင်း ရှေ့မှာထိုင်နေတဲ့ ဦးက တစ်ခုခုလိုချင်လားဆိုပြီးမေးလာသည်။ပြောဖို့ ပါးစပ်ဟတုန်းရှိသေး ဦးငယ်ကစကားဖြတ်ပြောလိုက်သည်။

" ဘာမှ မရှိပါဘူးကွာ ငြိမ်ငြိမ်နေနော် ဟွန်းငယ်  … ဦးငယ်စိတ်မဆိုးချင်ဘူး "

ဆယ်ဟွန်းကတော့ စိတ်ကောက်ကာ ဘာမှမစားတော့ဘူးဆိုပြီး ခုံမှာတင်ပလေထိုင်ကာ လက်ပိုက်ပြီး နှုတ်ခမ်းဆူကာနေလေတော့သည်။ဘက်ခ်ဟျွန်းကတော့ ခေါင်းတစ်ချက်ခါရင်း ချန်းယောလ်နဲ့သာ စကားပြောနေလိုက်သည်။

ဘာမှမဟုတ်ဘူး အပိုတွေ ပြီးရင် မသိသလို သူဘဲမလုပ်ခဲ့သလိုနဲ့ စားပွဲပေါ်က မုန့်တွေထိုင်နှိုက်စားနေလိမ့်မယ်။ဟွန်းငယ်အကြောင်း ဘက်ခ်ဟျွန်း အကုန်သိပြီးသားဖြစ်သည်။

ခုမှ ပြန်တွေ့တယ်ဆိုပေမယ့်လည်း ဟွန်းငယ် စိတ်ကောက်နေသည်ကို မမြင်ရက်လေသည်မို့ ဂျုံအင်ကဘဲ စကာ ဘာစားချင်လဲမေးလိုက်တော့ သူ့ဦးငယ်ကို တစ်ချက်ကြည့်ကာ

" ကမာကောင် စားချင်တာ ဦးငယ်ကျင့်ပုတ်က ဝယ်ကျွေးဘူး "

" ဟုတ်လား … မပူနဲ့ ဦးဝယ်ကျွေးမယ် "

" တကယ်လားဟင် "

" မလုပ်နဲ့ဂျုံအင် အရင်တစ်ခေါက်ကလည်း ကမာကောင်တွေစားတာများပြီး ဗိုက်အောင့်လို့ ဆေးရုံရောက်ပြီးပြီ "

" ဦးငယ်ကလည်း အဲ့ဒါ အရင်ကလေ အခုမှမဟုတ်တာ … ဦး  !   ဟွန်းငယ်ကို ဝယ်ကျွေးနော် "

စကားစမိတဲ့ ဂျုံအင်သာလေ အမှားကြီးကျူးလွန်မိသလို ခံစားလိုက်ရသည်။ ဟွန်းငယ်နဲ့ ဘက်ခ်ဟွန်းကတော့ စားမယ် မစားရဘူးဆိုကာ စကားများကာ ရန်ဖြစ်နေတော့သည်။

ရန်ဖြစ်နေတဲ့ နှစ်ယောက်ကိုပွဲကြည့်သလို ကြည့်နေတဲ့ ချန်းယောလ်ကို တံတောင်နဲ့တွတ်ကာ ဖြေရှင်းခိုင်းရသည်။

BELOVED [ Completed ]Место, где живут истории. Откройте их для себя