""အာ..မဟုတ်ရပါဘူး။အကုန်လုံးကကျွန်တော့်
အမှားတွေပါ။ဘယ်လိုဖြစ်ပြီး ခင်များကြောင့်
နောက်ကျတယ်လို့တွေးနေရတာလဲ။
လူကြီးမင်းအန်း၊ခင်များတကယ်
တောင်းပန်စရာမလိုပါဘူး။ကျွန်တော်ကသာ ခင်များကိုတောင်းပန်သင့်တဲ့လူပါ....""
ဟု ရှင်းပြလိုက်ရသည်။

ယောင်းယီသည် အကြိမ်များစွာတောင်းပန်ပြီးသား
ဖြစ်သော်လည်း ဆက်လက်ပြီးထပ်ကာထပ်ကာ
တောင်းပန်လိုက်သည်။သူအနေနှင့် ကြုံတောင့်ကြုံခဲ
ခေါင်းတောင်ကိုက်လာသလိုပင်။

ယခုအထီးကျန်လုံခြုံရေးဝန်ထမ်းကြီး၏
နှလုံးသားသည် အလွန်အထိမခံဖြစ်နေသည့်
ဖန်နှလုံးသားဖြစ်မည်ဟု သူသိထားခဲ့သော်လည်း၊
ယခုလောက်ထိ အထိမခံဖြစ်နေမည်ဟု
လုံးဝမထင်ခဲ့ပေ။
၆ပေ၇လက်မမြင့်သောအမျိုးသားကြီးသည်၊
သူအနေဖြင့် မှားမှားမှန်မှန်
အမြဲလိုလိုခေါင်းကိုငုံ့ကာ၊
တောင်းပန်တတ်သည့်သူဖြစ်သည်။
ယောင်းယီအနေဖြင့် ထိုကိစ္စအပေါ်
နားလည်သော်လည်း အနည်းငယ်တော့
စိုးရိမ်ပူပန်စရာဖြစ်သည်။

စိတ်ဓာတ်ကျနေသည့် အန်းလင်ကို
ရင်ဆိုင်လိုက်ရသည့်အခါ၊
ယောင်းယီတစ်ယောက်
ကူကယ်ရာမဲ့သွားတော့သည်။ ထို့ကြောင့်
အန်းလင်အားအချိန်တော်ကြာ
အတော်လေးနှစ်သိမ့်ပြီးသည့်နောက်
အန်းလင်၏စိတ်အခြေအနေတိုးတက်
လာသည်ကိုမြင်သည်နှင့်
လွယ်အိတ်ကိုအလျင်အမြန်ဆွဲယူကာ၊
နှုတ်ဆက်လိုက်တော့သည်။

ယခုဆေးရုံသည် မြို့၏တစ်ဖက်ခြမ်းတွင်
တည်ရှိသည်။ ၁၂ နာရီခွဲကျော်နေပြီ
ဖြစ်သောကြောင့်၊သူအနေဖြင့် အိမ်ကိုပြန်ရတော့မည်ဖြစ်သည်။
တကယ်လို့ သူအနေဖြင့် အခုနေမထွက်ဘဲနေပါက၊
အိမ်ပြန်ရောက်ဖို့ DiDi[1] မရဘဲနေလိမ့်မည်။

""လူကြီးမင်းအန်း၊အပူလောင်ထားတဲ့နေရာကို
ရေမထိရဘူးနော်၊ကျွန်တော်ပတ်တီးစည်းပေးထားတဲ့
အတိုင်းထားထားဖို့ကိုလည်း သတိရပေးပါ။
ရက်အနည်းအတော်အတွင်း၊ကျွန်တော်တစ်ချက်
ပြန်ကြည့်ပေးပါမယ်။ဒါဆို တခြားဘာကိစ္စမှ
မရှိတော့ဘူးဆိုရင် ကျွန်တော်အရင်ပြန်တော့မယ်၊
အိုခေတယ်မလား လူကြီးမင်းအန်း""

သရဲရာဇဝင်များထဲ၌ချစ်ကျွမ်းဝင်ခြင်းWhere stories live. Discover now