---------------------------*************-----------------------
နောက်တစ်နေ့နံနက္မှာတော့ သူမက လိုအပ်သည့်ပစ္စည်းများနှင့်အတူ ညောင်ရွှေသို့ ခပ်စောစောပင်ထွက်ခဲ့လိုက်သည်။ထိုအိမ်ကိုရောက်ချိန်တွင် ကိုယ်တိုင်ချက်ပြုတ်ပြင်ဆင်ပေးပြီးနောက် သားအဖနှစ်ယောက်စားသောက်နေကြသည်ကို ကြည်နူးစွာဖြင့် ကြည့်နေမိစဉ်မှာပင် ထိုဝန်ထမ်းကောင်လေးက ရုတ်တရက်ပြန်ရောက်လာလေသည်။ထိုအခါ အိမ်ထဲမှာရှိေနသော သူမကိုမြင်သည်နှင့် သွေးဆုတ်သွားရသောမျက်နှာကိုကြည့်ကာ သူမက အေးအေးဆေးဆေးသာ ပြန်ပြုံးပြလိုက်လျှင် အလန့်တကြားဖြစ်နေသောထိုကောင်လေးကတော့ သူမကို ခြံဝင်းထဲသို့ခေါ်သွားကာ အထိတ်တလန့်ဖြင့် ပြောလာသည်။
"မရွှေခေတ် မနေ့ကလာသွားတာလဲ အဖေက ပြောပါတယ်...။ဘာလို့ ဒီလိုတွေလုပ်နေတာလဲမသိပေမဲ့ ကျွန်တော့ဘက်ကတော့ ပြောစရာစကားမရှိပါဘူး တောင်းပန်ပါတယ်..."
ထိုကဲ့သို့ စကားတွေကို အစီအစဥ်မကျစွာဖြင့် ဆောက်တည်ရာမရပြောရင်း မျက်နှာအပျက်ပျက်ဖြင့် ပျာယာခတ်နေသောကောင်လေးကိုကြည့်ပြီး သူမက သက်ပြင်းတစ်ချက်ချလိုက္မိရင်း
"ဘာလို့ ဒီလိုလုပ်နေတာလဲဆိုတော့ အခွင့်အရေးပေးနေတာ...။မိသားစုတစ်ခုရဲ့ တက်လမ်းတွေအများကြီးရှိနေတဲ့ လူငယ်တစ်ယောက်က ကိုယ့်ဘဝအခြေအနေကြောင့်မို့ မလွှဲသာမရှောင်သာလမ်းမှားလိုက္မိရင်းနဲ့ တစ်သက်လုံးနစ်မွန်းသွားမှာစိုးလို့ လိုက်ပြီးတော့ တတ်နိုင်သလောက် ဆယ်ပေးနေမိတာ..."
သို့နှင့် သူမကို အံ့ဩတွေဝေစွာဖြင့်ကြည့်နေသော ကောင်လေး၏မျက်နှာအား သေချာစိုက်ကြည့်ကာ လေသံအေးအေးနှင့် ဆက်ပြောလိုက်သည်။
"အဖေ့အတွက် ကျောက်ကပ်ဆေးဖို့ လိုနေတဲ့ငွေ၊လစဉ်လတိုင်း ညီမလေးရဲ့ကျောင်းစရိတ် အိမ်စရိတ်..။ဒီလိုအခြေအနေတွေကြားမှာ ဘယ်လိုသွေးဆောင်မှုမျိုးမဆို ပါသွားနိုင်တာပဲ...။အဲ့လိုမျက်စိစုံမှိတ်ပြီးတော့ ကိုယ့်ဘက်ကမှားမှန်းသိရက်နဲ့ လုပ်ခဲ့မိရင်တောင် တစ်ဖက်ကအခွင့်အရေးပေးနေရင် နောက်ပြန်ဆုတ်ပြီးတော့ လမ်းကြောင်းအမှန်ကို ပြန်လျှောက်လို့ရတယ်လေ...။အခုမှ ကျောင်းပြီးကာစအရွယ် အသက်က ငယ်ငယ်လေးပဲရှိသေးတယ်...။အခု ပီစိုင်းလုပ်ခဲ့တဲ့ကိစ္စက ဟိုတယ်ဘက်ကနေ တာဝန်ယူခိုင်းမယ်ဆိုရင် အလုပ်ထွက်ရုံလောက်နဲ့ ပြီးမသွားဘူး...။တခြားဥပဒေရေးရာကိစ္စတွေက အသာထားဦးတော့..။ Blacklist သွင်းလိုက်ရင် ဒီလောကမှာတင်မဟုတ်ဘူး...၊ရှေ့လျှောက်ကို ဘယ် Company မှာမှ အလုပ်လျှောက်လို့မရဘဲ ဖြစ်သွားလိမ့်မယ်..."
YOU ARE READING
You are the only Exception!
Romanceအချစ်ဆိုတာက သူ့အရွယ် သူ့အနေအထားအရ အာသာပြေရုံလောက်ပဲ မြည်းစမ်းကြည့်ချင်ရုံ သူမနဲ့ကျမှ... ရှိုင်းသူရိန်လင်း အိမ်မက်တွေ တစ်ပုံတစ်ပင်နဲ့ ပေါ့ပေါ့ပါးပါးသာ နေလာတဲ့ သူမက အချစ်ဆိုတာကို သူမဘဝအတွက် အရေးတယူ မစဉ်းစားဖြစ်ခဲ့ပေမယ့် မျက်နှာများတဲ့ဒီလူကို မချစ်မိသေ...
Reflection💞
Start from the beginning
