"ဘယ်သူ့ကိုချက်ကျွေးရမှာလဲ..."

"အဲ့ကလေးရဲ့ ညီမလေးကိုလေ...။နောက်တစ်ခါလာရင် ဘာစားချင်လဲ ဘာကိုအစားချင်ဆံုးလဲလို့မေးလိုက်တာ ဟော့ပေါ့နဲ့မာလာရှမ်းကော စားချင်တယ်တဲ့။သူများတွေ အခေါက်ခေါက်အခါခါ စားနေတဲ့အချိန် သူက တစ်ခါမှမစားဖူးသေးဘူး...။သူငယ်ချင်းတွေက သွားစားကြတိုင်းလဲ သူ့မှာ မတတ်နိုင်လို့ လိုက္မသွားရဘူး...။သူများကျွေးတာလဲ ကိုယ့်ဘက်ကပြန်မကျွေးနိုင်တော့ မစားရဲဘူး...။သဲကိုတောင် ဇွတ်မေးမှပြောပြတယ်...။အဲ့ဒါကြောင့်မို့ အိမ်မှာပဲ ကောင်းကောင်းလေးလုပ်ကျွေးချင်လို့။ဝယ်သွားနေရင် အားနာပြီးတော့ မစားရဲမှာစိုးလို့လေ..."

စကားအဆုံးတွင် သူက အသာပြုံးလိုက္မိကာ သူမ၏မျက်နှာလေးကို တည့်တည့်စိုက်ကြည့်၍

"ဝင့်ဝါက ပြောဖူးတယ်...။ရွှေခေတ်က အလုပ်လုပ်ရင် ပြတ်သားပေမဲ့ အရာရာကိုစိတ်နှစ်ပြီးတော့ စိတ်ရင်းနဲ့ပဲလုပ်တတ်တယ်...။အဲ့ဒါကိုတော့ ကြည့်ထိန်းပေးပါ...။တချို့က စေတနာနဲ့မတန်တော့ ခံရမှာစိုးလို့တဲ့။ဒါပေမဲ့ ကိုယ်တော့ သဲရဲ့ အဲ့ဒီစိတ်လေးကို ထိန်းဖို့စိတ်ကူးမရှိဘူး...။စိတ်ရင်းကောင်းနေတာ ဘယ်လောက်ချစ်ဖို့ကောင်းလဲ...။အဲ့စိတ်ရင်းကို အခွင့်အရေးယူကြလို့ တစ်ခုခုအမှားအယွင်းဖြစ်တယ်ဆိုရင်တောင် ဖြစ်တဲ့ကိစ္စ ကိုယ်ရှင်းပေးမယ်...။သဲက ကိုယ့်စိတ်အတိုင်း‌ေလးပဲ ထိန်းသိမ်းပြီးတော့ နေထိုင်သွား...။ဘယ်သူ့ကြောင့်မှ ဘာအတွက်နဲ့မှ အရောင်ဆိုးစရာမလိုဘူး...။နောက်ကျ ကိုယ်တို့ရဲ့သားသမီးလေးတွေရလာရင်လဲ အဲ့စိတ်ဓာတ်လေးတွေကို အမွေပေးပေးပါဦး..."

ထိုကဲ့သို့ လူကိုတည့်တည့်ကြည့်ပြီး ပြောနေသည့်သူ့စကားတွေကြောင့် ရှက်သွားရသောသူမသည် ချက်ချင်းပင် တဟင်းဟင်း တဟဲဟဲဖြစ်သွားရရင်း

"အဟင်း ကိုကလဲ...။ဘာလို့ အချင်းချင်းတွေကို မြှောက်ပြောနေတာလဲ...။ရှက်တောင်လာပြီ တော်ပြီ စားတော့"

ထိုအခါ သူကတော့ ရှက်ကိုးရှက်ကန်းဖြစ်နေသည့် သူမကိုကြည့်ကာ ခေါင်းထိပ်လေးအား အူယားလာသလိုဆွဲကိုင်လှုပ်၍ တပြုံးပြုံးနှင့်သာရှိနေလေသည်။

You are the only Exception!Место, где живут истории. Откройте их для себя