"တော်ပြီ လွှတ်တော့ ရုံးခန်းထဲမှာကို..."

"အဟွန်း အသဲက အရင်စနမ်းတာလေ..."

"ဘယ်သူပဲစနမ်းနမ်း တော်ပြီလေ ခဏတစ်ဖြုတ်..."

ထိုအခါကျမှ လိုရင်းကိုရောက်သောသူက သူမ၏နဖူးကို သူ့နှုတ်ခမ်းနှင့်ဖိကပ်ကာထားရင်း မေးလာ‌ေလသည်။

"အဆင်ပြေခဲ့လား တွေ့ခဲ့လား..."

"သူနဲ့တော့မတွေ့ခဲ့ဘူး...။သူ့အဖေနဲ့ သူ့ညီမလေးကိုတော့ တွေ့ခဲ့တယ်...။အဆင်ပြေပါတယ် ရိုးရိုးသားသားတွေပဲ...။မတတ်သာတဲ့အခြေအနေတစ်ခုကြောင့်သာ ဒီလိုလုပ်ရတာနေမှာ..."

"အွန်း ကိုယ့်အသဲလေး ပင်ပန်းသွားပြီ...။နေ့လယ်စာစားတော့မလား ဗိုက်ဆာနေပြီလား..."

"ဆာနေပြီ အခုပဲစားတော့မယ်..."

သူမ၏ ချွဲနွဲ့သလိုအပြောလေးကို သူက ချစ်ခင်စွာပြုံးကြည့်ရင်း ပါးလေးကိုခပ်ဖွဖွဆွဲဖဲ့ကာ

"စားကြမယ်နော်...။အခုပဲ လာပို့ခိုင်းလိုက္မယ်..."

ထို့နောက်တွင်မူ နေ့လယ်စာအတူတူစားနေကြစဉ်မှာ သူမက သူ့မျက်နှာကိုတစ်ချက်ကြည့်၍ မဝံ့မရဲနှင့်မေးလိုက်သည်။

"ကို အလုပ်တွေများနေလားဟင်..."

"ဘယ်လောက်အလုပ်များများ အချိန်ရှိတယ်...။သဲ ဘာလုပ်ချင်လို့လဲပြော..."

သူမက တစ်ခွန်းဟလိုက်သည်နှင့် ဗိုက်ထဲမှာ အူဘယ်နှခွေရှိလဲဆိုသည်ကအစ သိနေသောသူ့ကို ကြွေရလွန်းစွာဖြင့် ကြည့်လိုက်ရင်းမှ

"ဟောပေါ့လုပ်နည်း သင်ပေးပါ့လားဟင်...။ဟိုတစ်ခါ ကိုလုပ်ကျွေးတုန်းက စားလို့ကောင်းတယ်...။ပြီးတော့ မာလာရှမ်းကောရော လုပ်တတ်လား...။အဲ့နှစ်မျိုးသင်ချင်လို့"

"သဲကိုသင်ပေးရမှာ အတူတူချက်ရပြုတ်ရမှာကို ကိုယ်ကတော့ ကြိုက်တာပေါ့ သဲရယ်...။ဒါပေမဲ့ ဘာဖြစ်လို့ သင်ချင်တာလဲ...။သဲစားချင်တာဆို သင်နေစရာမလိုဘူး...၊ဘယ်ဟာပဲဖြစ်ဖြစ် ကိုယ်လုပ်ကျွေးလို့ရတယ်..."

"ဟင့်အင်း...ဒါက သဲကိုယ်တိုင် ချက်ကျွေးရမှာမို့လို့"

သူမ၏စကားကြောင့် သူက မျက္မှောင်ကြုတ်သွားရရင်း

You are the only Exception!Where stories live. Discover now