ဟိုတယ်ကိုပြန်ရောက်ချိန်တွင် နေ့လယ်စာစားချိန်ရောက်နေပြီဖြစ်၍ lunch အတူစားရန်အတွက် သူမက သူ့အခန်းဆီကိုသာ တန်းသွားလိုက်တော့သည်။ထို့နောက် တံခါးဖွင့်ပြီးဝင်လိုက်သည်နှင့် အလုပ်ရှုပ်နေဟန်တူသောသူက သူမကိုမြင်လျှင် ချက်ချင်းပြုံးသွားသောမျက်နှာနှင့်အတူ အလုပ်လုပ်နေရာမှထလာသည်။ပြီးလျှင် ရင်ခွင်ထဲဆွဲသွင်းကာ ပါးလေးကိုတစ်ချက်နမ်းရင်း
"နေ့တစ်ပိုင်းလုံးအပြင်ထွက်နေတော့ ကိုယ့်မှာ လွမ်းနေရတာ...။ပြောပါဦး...၊ဒီလိုပုံစံဝတ်ပြီးတော့ ဘယ်သူ့ကိုသွားတွေ့လာတာလဲ..."
ထိုအခါ သူမက သိလျက်သားနှင့် တမင်တကာလာရစ်ကာ အီစီကလီတွေလုပ်ဖို့ကြိုးစားနေသောသူ့ကို နှာခေါင်းလေးရှုံ့ပြီး ပြန်ကြည့်လိုက်ရင်း
"ဘယ်သူ့ကိုသွားတွေ့ရမှာလဲ...။ညောင်ရွှေက Tour leader ချောချောလေးတွေကို သွားရှိုးတာပေါ့..။ဒီလိုရှမ်းဝတ်စုံဝတ်သွားမှ ရှမ်းကောင်လေးတွေက သတိထားမိမှာမို့လို့လေ..."
"အဲ့တော့ သဘောကျတဲ့သူတွေ့ခဲ့ရဲ့လား...။ဘယ်သူက ကိုယ့်လောက်ချောပြီးတော့ ကိုယ့်လောက်ချစ်နိုင်လဲဆိုတာကိုရော သိခဲ့ပြီလား..."
သူ့အပြောကို သူမက ပြုံးစစဖြင့်
"တွေ့ခဲ့တယ် သိလဲသိခဲ့တယ်..."
"ပြောပါဦး...။ဘယ်ကကောင်လဲ..။ဘယ်လိုကောင်လဲ..."
သို့နှင့်ပင် သူမက မျက်စောင်းတစ်ချက်ထိုး၍ သူ့လည်ပင်းကိုသိုင်းဖက်လိုက်ကာ တည့်တည့်စိုက်ကြည့်ပြီးလျှင်
"တွေ့ခဲ့တာက ညောင်ရွှေမှာတော့မဟုတ်ဘူး...။ပြီးတော့ ကောင်လေးလဲမဟုတ်ဘူး..."
စကားအဆုံးမှာ သူ့နှုတ်ခမ်းကိုဖွဖွလေးတစ်ချက်နမ်းလိုက်ပြီးမှ
"ဘယ်ကလဲဆိုတော့ အခု ဒီမှာတွေ့နေရတဲ့လူ...။ဘယ်လိုလူလဲဆိုတော့ ဒီလိုလူကြီးပဲ..."
ထိုအခါတွင် ကျေနပ်သွားသည့် ရယ်သံတိုးဖွဖွက သူ့ထံမှထွက်ပေါ်လာကာ ထေွးပွေ့ထားသောလက်တွေကတော့ ပိုပြီးတင်းကျပ်သွားရရင်း သူမ၏နှုတ်ခမ်းတွေကို ညင်သာစွာဖြင့် ပြန်လည်နမ်းရှိုက်လာသည်။သို့နှင့်ပင် အတန်ကြာသည်အထိ မလွှတ်သောကြောင့် သူမက သူ့ရင်ဘတ်ကိုအသာတွန်း၍
YOU ARE READING
You are the only Exception!
Romanceအချစ်ဆိုတာက သူ့အရွယ် သူ့အနေအထားအရ အာသာပြေရုံလောက်ပဲ မြည်းစမ်းကြည့်ချင်ရုံ သူမနဲ့ကျမှ... ရှိုင်းသူရိန်လင်း အိမ်မက်တွေ တစ်ပုံတစ်ပင်နဲ့ ပေါ့ပေါ့ပါးပါးသာ နေလာတဲ့ သူမက အချစ်ဆိုတာကို သူမဘဝအတွက် အရေးတယူ မစဉ်းစားဖြစ်ခဲ့ပေမယ့် မျက်နှာများတဲ့ဒီလူကို မချစ်မိသေ...
Reflection💞
Start from the beginning
