Arc_3.9

1.2K 213 15
                                    

ရိုလန်တစ်ယောက် ထိုConcertအကြောင်းကို သိလိုက်ရပြီးနောက် အိမ်သို့ကားမောင်းကာပြန်လာခဲ့လိုက်သည်။ အိမ်ကိုရောက်သည်နှင့် နာရီကိုတစ်ချက်ကြည့်မိတော့ နေ့လည်၃နာရီစွန်းစွန်းရှိနေပြီဖြစ်သည်။

ခဏလောက်တွေးတောလိုက်ပြီးနောက် လက်ပ်တော့ဖွင့်ကာ Danielဆိုသည့်အမည်ကို Googleတွင်ရိုက်နှိပ်လိုက်တော့ ချစ်စဖွယ်ကောင်လေးတစ်ယောက်ပုံနှင့်သူ၏ကိုယ်ရေးအကျဥ်းအနည်းငယ်က ထွက်ကျလာသည်။

ဒန်နီယယ်ဟာ အသက်၂၆နှစ်အရွယ် Artistတစ်ယောက်ဖြစ်ပြီး မျိုးရိုးအမည်ကတော့ Jonesဖြစ်သည်။ သူသည် ကနေဒီယန်နိုင်ငံသားတစ်ဦးဖြစ်ကာ နိုင်ငံကျော်တေးသံရှင်Louis Jonesနှင့်ဇနီးဖြစ်သူ နာမည်ကြီးဒီဇိုင်နာ Amma Karleyတို့၏တစ်ဦးတည်းသောသားတစ်ယောက်ဖြစ်ပြီး အဆိုလောကထဲကို ဝင်လာတာတစ်နှစ်လောက်သာရှိသေးသည်။ ဒီConcertဟာ ဒန်နီယယ်အတွက်ပထမဆုံးစလုပ်သည့်Concertပွဲဟု ပြောလို့ရသည်။

"မူလဇာတ်ကြောင်းမှာ ဒန်နီယယ်နဲ့ပတ်သတ်ပြီး ထူးခြားတာရှိလား။"
ရိုလန် အရိုးခေါင်းကိုမေးလိုက်သည်။

[မရှိဘူး။ ဒန်နီယယ်က မူလဇာတ်ကြောင်းမှာ အရံဇာတ်ကောင်သာသာပဲဆိုတော့ သူ့အကြောင်းက လုံးဝမပါသလောက်ပဲ။]

အရိုးခေါင်းစကားကြားမှ ရိုလန်စိတ်အေးသွားသည်။ ဒါဆိုရင် သူ ဒန်နီယယ်အနားကို ကပ်ချင်သလောက်ကပ်လို့ရပြီဟုတ်?
အတွေးနှင့်အညီ ရိုလန့်မျက်နှာထက်တွင် နူးညံ့သောအပြုံးတစ်ခုပေါ်လာခဲ့သည်။

ထို့နောက် ဒီDaniel Concertပွဲအတွက် VIP လက်မှတ်တစ်စောင်ကို အွန်လိုင်းကနေ မရရအောင် ဝယ်လိုက်သည်။ Concertကျင်းပမည့်နေ့က ဒီနေ့ညဖြစ်တာကြောင့် လက်မှတ်တွေဟာ ကုန်နေခဲ့ပြီးဖြစ်ပေမယ့် ရိုလန်ဟာ VIP classအတွက်ကျသင့်မည့်လက်မှတ်ဖိုးထက် ၅ဆပိုပေးပြီး မှာခဲ့လိုက်သည်။ ပိုက်ဆံကုန်တာကကိစ္စမရှိ၊ ဒီပိုက်ဆံလောက်ကတော့ ရိုလန့်အတွက် အသေးအမွှားသာဖြစ်သည်။

ထို့နောက် ရိုလန်ရေချိုးခန်းဝင်ကာ ထိုပွဲကိုသွားဖို့အတွက် ပြင်ဆင်လိုက်တော့သည်။

ရေချိုးခန်းထဲကနေထွက်လာပြီးနောက် ရိုလန်ဟာ မီးခိုးရောင်တီရှပ်လက်တိုအား အနက်ရောင်ဒူးပြဲဘောင်းဘီရှည်ထဲကို ထည့်ဝတ်လိုက်ကာ အဖြူရောင်sneakerတစ်ရံဝတ်လိုက်ပြီး နှဖူးပေါ်ဝဲကျနေသော သူ၏ရွှေအိုရောင်ဆံနွယ်တွေကိုလည်း sprayဖြန်းကာ သပ်တင်ထားလိုက်သည်။ ထို့နောက် အနက်ရောင်နေကာမျက်မှန်အဝိုင်းလေးကိုလည်း တပ်လိုက်ပြီး မှန်ကြည့်ကြည့်တော့ အရင်ပုံစံထက်စာရင် အတော်လေးလူငယ်ဆန်သွားသည်။ Rolexနာရီကိုပြန်ဝတ်လိုက်ပြီး အချိန်ကိုတစ်ချက်ကြည့်မိတော့ ၄နာရီရှိပြီးဖြစ်သည်။

Adventure of Demon Lord [ VILLAIN GOD SYSTEM ]Where stories live. Discover now