Arc_2.12

1.6K 235 0
                                    

စတီဗင်သည် တလက်လက်တောက်ပနေသော ထွက်ပေါက်တံခါးနားသို့ ဖြည်းဖြည်းချင်းချဥ်းကပ်သွား၏။အခုသူ့စိတ်ထဲမှာ အတွေးတစ်ခုသာရှိသည်။ ဒီကနေ လွတ်မြောက်ရမယ်ဆိုတဲ့ အတွေးတစ်ခုသာ သူ့စိတ်ကိုအပိုင်စိုးမိုးထားသည်။

အရေးအကြီးဆုံးက ဒီကနေအရင်လွတ်မြောက်ဖို့ပင်။ ကျန်တဲ့အရာတွေကိုတော့ နောင်လာနောင်ရေးပေါ့...။

အမှန်ပြောရရင် ဒီတံခါးက ဒီကနေလွတ်မြောက်နိုင်တဲ့ထွက်ပေါက်လားဆိုတာတော့ စတီဗင်သေချာမသိ။ သူတို့ဒီကိုစစရောက်တုန်းက ဒီတံခါးကိုလုံးဝမတွေ့တာသေချာသည်။ ဒါပေမယ့် ဒီကိုရောက်တာကြာလာသည်နှင့်အမျှ၊ ထိုတံခါး၏အရောင်က ပိုမိုတောက်ပလာတာကို စတီဗင်သတိထားမိသည်။

ပိန်းပိန်းမှောင်နေတဲ့အခန်းထဲမှာ အလွန်တောက်ပနေတဲ့တံခါးတစ်ချပ်ရှိနေတယ်။ ဒီတံခါးက ထွက်ပေါက်လဲဖြစ်နိုင်သလို၊ ဒါမှမဟုတ် ၊ အခုထက်ပိုဆိုးဝါးတဲ့ငရဲခန်းလည်းဖြစ်နိုင်သေးသည်။

သို့သော်ငြား၊ သူတို့တွင် ရွေးချယ်စရာမရှိ၊ ဒီအတိုင်းသေမလား၊ စွန့်စားမလားဆိုတာကိုတော့ ကိုယ်ကိုယ်တိုင်ရွေးချယ်ရလိမ့်မည်။

တစ်ခါတစ်လေမှာ ဆုံးဖြတ်ချက်ပြတ်သားသင့်သည်။ အသေးအဖွဲ့ကိစ္စများအတွက်တော့ ကိစ္စမရှိသော်ငြား၊ အကယ်၍ အသက်အန္တရာယ်နှင့်ကြုံလာမယ်ဆိုရင် ပြတ်သားသင့်သည်။ ဒါ့အပြင် ကိုယ်ရွေးချယ်လိုက်သည့်ဆုံးဖြတ်ချက်အတွက် နောင်တမရဖို့လဲလိုသည်။ ပြီးသွားတဲ့ကိစ္စများအတွက် နောင်တရနေမယ့်အစား၊ နောင်အနာဂတ်တွင် ကောင်းအောင်နေမယ်ဆိုတဲ့ စိတ်ဓာတ်လေးကိုမွေးမြူဖို့လဲ လိုအပ်ပါသေးသည်။

စတီဗင်တံခါးရှေ့တည့်တည့်တွင်ရပ်ကာ သက်ပြင်းရှိုက်လိုက်သည်။ သူ၏အတွေးတွေကတော့ ဗလာနတ္ထိ။ တစ်ခဏမျှကြာပြီးနောက်တွင် စတီဗင်တစ်ယောက် လက်ဆန့်ထုတ်ကာ တံခါးကိုတွန်းလိုက်သည်။

ကျွီခနဲမြည်သံနှင့်အတူ တံခါးပွင့်သွားပြီးနောက် ဝင်ရောက်လာသည့်အလင်းရောင်စူးစူးကြောင့် မျက်စိကိုချက်ချင်းမှိတ်လိုက်မိသည့်အပြင် လက်နှစ်ဖက်ဖြင့်လည်းကာလိုက်မိသည်။ အန်နာကလည်း ထိုနည်းတူစွာ။

Adventure of Demon Lord [ VILLAIN GOD SYSTEM ]जहाँ कहानियाँ रहती हैं। अभी खोजें