"ငါသိပြီးသား၊ သူ့ကိုအရင်ကတည်းက ကြားဖူးခဲ့တာ" လု့ဟန်ကသူ့ကို စိတ်အားထက်သန်စွာဖြင့်မေးလေသည်။ "ငါ့အကြောင်း မင်းတို့အခြားဘာတွေပြောကြသေးလဲ? ငါက ဘယ်လိုမျိုးဆိုပြီး ပြောကြသေးလဲ?"

"အစ်ကိုက သူရဲကောင်း ကိုးဖော်မှာအရမ်းတော်တယ်လို့ သူတို့ပြောပြတယ်" ကျင်းဟွမ်က လု့ဟန်ထံသို့လဲတစ်ရှူးအနည်းငယ် ကမ်းပေးလိုက်သည်။

"ကျေးဇူးပဲ" လု့ဟန်က သူ၏လက်မောင်းကိုသုတ်ချလိုက်သည်။ "မင်းကော သူရဲကောင်း ကိုးဖော်ကစားတာပဲလား? ဘယ်serverလဲ? မင်းက နတ်ကညာမြေခွေးလှိုဏ်ဂူ ကစားတာမှာတော်တော် တော်တာပဲ၊ ငါတို့ပါတီထဲမှာရှိတဲ့ နတ်ကညာမြေခွေးမလေးနဲ့ပြိုင်တိုက်လို့တောင်ရတယ်"

ကျင်းဟွမ်ခေါင်းခါလိုက်သည်။ "ကျွန်တော်အရင်က ကစားတယ် ရပ်လိုက်တာက နှစ်တော်တော်ကြာပြီ"

"စီနီယာ၊ အစ်ကိုတို့ ပါတီမှာလဲနတ်ကညာမြေခွေးရှိတာပဲလား?" လုဝမ်ဟောင်က သိချင်စိတ်နဲ့မေးလိုက်သည်။ "သူကဘယ်လိုလဲ? ဘယ်လောက်တောင်တော်လဲ?"

ကောင်းဇီရှန်း - မမေးနဲ့၊ဘယ်လိုပဲဖြစ်ဖြစ် ငါတို့ထက်ကိုတော်မှာပဲ

လုဝမ်ဟောင် - ငါ့ကိုမှ မဖဲ့ရရင် မင်းသေမှာမို့လို့လား!!

လု့ဟန်က တစ်ခုခုကိုတွေးမိသွားပုံရကာ ရီလိုက်သည်။ "ငါတို့ပါတီက နတ်ကညာမြေခွေးလှိုဏ်ဂူက...."

သူ့မေးကို ဆတ်ကာရှန့်ဟွိုင်ဇီထံသို့ ညွှန်ပြလိုက်ပြီး "တော်တော်လေး တော်တယ်၊အထူးသဖြင့် သူနဲ့ဆိုရင်....."

ရှန့်ဟွိုင်ဇီက ဆင်ခြင်ပြီးပြန်မေးလိုက်သည်။ "မိုးရေထဲ နောက်တစ်ကြိမ်ထပ်စိမ်ချင်လို့လား?"

လု့ဟန် ပါးစပ်ပေါက်ပိတ်သွားလေပြီ။

ကိစ္စတစ်ခုကြောင့် ကျင်းဟွမ်သည် အနည်းငယ်ပျာရိ့ပျာယာပုံစံခံစားနေရသည်။သူ၏ လည်ကုတ်ကတောင့်တင်းကာ ထုံကျင်နေပြီး တော်တော်လေးကိုမသက်မသာဖြစ်နေသည်။

ငါ နောက်ကျရင်နားကြပ်တပ်ပြီးမကစားတာ ပိုကောင်းမယ်ထင်တယ်၊မဟုတ်ရင် လူတိုင်းကို နှလုံးသား လိုအင်ဆန္ဒလို့ပဲ ငါတွေးနေမိနေတာက တော်တော်လေး မဆိုးဝါးလွန်းနေဘူးလား??

[Myanmar Trans]Guide on How to Fail at Online Dating ]BLWhere stories live. Discover now