"အင့်!..."

လက်နဲ့လျှော်ပေးမှဝတ်တတ်တာမို့ဦးငယ်အဝတ်တွေနဲ့သူ့အဝတ်တွေကိုခွဲထုတ်နေတုန်းတနေ့ကဦးငယ်ချွတ်ထည့်ထားသည့်ရှပ်အဖြူလေးပေါ်မှာမြင်လိုက်ရသည့်အရောင်ရင့်ရင့်နှုတ်ခမ်းဆိုးဆေးကအက်ျီရင်ဘတ်နားမှာအထင်အရှားတင်ကျန်လျှက်။ယခုလောလောဆယ်ကတောက်ကစဖြစ်နေသည့်အခြေနေအပြင်အစကတည်းကအတွေးလွန်တတ်သူမို့ရိပေါ်မသိလိုက်ခင်မှာပဲပါးပြင်ထက်မျက်ရည်ဥတွေအိခနဲပြိုဆင်းလာတော့တယ်။လက်ထဲအရောင်စွန်းနေသည့်ရှပ်အက်ျီကိုကျစ်ကျစ်စုတ်ရင်းရိပေါ်မှာမွေ့ယာထက်ရုပ်ကြိုးပြတ်ထိုင်ချလိုက်မိတယ်။

"အဟင့်!...အင့်!...ဟအင်း!..."

ခေါင်းလုံးလေးကိုတွင်တွင်ခါရမ်းရင်းတသွင်သွင်စီးကျနေသည့်မျက်ရည်တွေကတဆစ်ဆစ်နာကျင်နေသည့်နှလုံးသားကိုတမြေ့မြေ့တိုက်စားတယ်။တကယ်ပဲဦးငယ်မှာသူ့အပြင်အခြားတစ်ယောက်ရှိနေခဲ့တာလား။မျက်လုံးထဲအနှေးကွက်ပြသလိုပြန်မြင်နေရသည့်ဦးငယ်နဲ့သူမသိသည့်အမျိုးသမီး၏တရင်းတနှီးပုံရိပ်တွေ။

အပြုံးတွေ အမူအရာတွေ နီးနီးကပ်ကပ်ရှိစေနိုင်သည့်အခြေနေတွေ။ရင်ဘတ်ကတင်းကြပ်လာတဲ့အပြင်ယခုချိန်ထိဦးငယ်ချစ်စကားတွေကိုယုံနေမိသည့်စိတ်ရိုင်းတို့ကပြင်းပြင်းထန်ထန်ထိုးနှက်လာတော့မျက်ရည်တွေကတာကျိုးသလိုအဆက်မပြတ်။ဦးငယ်မပြောင်းလဲသေးဘူး ဦးငယ်မျက်နှာများတယ် မဟုတ်ဘူး ဦးငယ်ကသူမဟုတ်တဲ့တခြားမိန်းမတစ်ယောက်နဲ့။

"အင့်ဟင့်!...အီး...ဟီး...ဟီး..."

"ရိပေါ်!..."

"ဟင့်!..."

အောက်ထပ်ကခေါ်သံကြောင့်ရှပ်အက်ျီကိုအိပ်ရာခင်းပေါ်တင်ထားခဲ့ပြီးအောက်ထပ်ဆင်းလာကြည့်တော့ဖေရှီးကအိမ်တံခါးဝရပ်လို့သူ့အရိပ်အယောင်ရှာနေပုံ။ဝမ်းနည်းနေသည့်စိတ်အစဥ်မှာအားငယ်မှုတို့အလုံးအရင်းနေရာဝင်ယူနေတာမို့ဖေရှီးအနားရောက်မလာခင်မှာပင်ရိပေါ်မှာခွေခနဲကြမ်းပြင်ထက်ထိုင်ချလိုက်မိတယ်။

"ရိပေါ်!...အဆင်ပြေရဲ့လား...မင်းငိုနေတယ် ဘာလို့လဲ...ရှောင်းကျန့်မင်းကိုအနိုင်ကျင့်လို့လား!..."

FOLLOW ME[Complete]Where stories live. Discover now