❤️Home❤️💒

Start from the beginning
                                        

"သက်သက်သာသာနေရမဲ့ နေရာရောက်ရင်သက်သက်သာသာပဲနေရမယ်...။မဟုတ်ရင် ကိုယ့်နေရာကို လေးစားမှာမဟုတ်ဘူး...။နေရာတကာ လိုက်လုပ်နေစရာမလိုတဲ့ အနေအထားကိုရောက်နေပြီလေ...။လူဆိုတာ အခြေအနေနဲ့အချိန်အခါကို လိုက်အောင်နေတတ်မှ တိုးတက္မှာ...။မဟုတ်ရင် နောက်ကြောင်းကိုပဲပြန်လှည့်နေတာနဲ့တင် ရှေ့ရောက္မှာမဟုတ်ဘူး...။နော်..ကိုယ်ပြောတာနားလည်လား...။ခုချိန်မှာ သဲ ကိုယ့်ခြေကိုယ့်လက်နဲ့လုပ်ရမှာဆိုလို့ ကိုယ်ပဲရှိတယ် အဟွန်း..."

သူ့စကားအဆုံးမှာ သူမက ပြုံးစစဖြင့်ရှိနေသော အချိုးမပြေလှသည့် မျက်နှာကိုကြည့်၍

"အလုပ်နဲ့ပတ်သက်တာကို အပြောင်အပြက်တွေ လာပြောမနေနဲ့..။တကယ်ပဲ ရှင်ကလေ...ဘယ်လိုအလုပ်လုပ်ပြီးတော့များ အောင်မြင်လာလဲမသိဘူး...။ကျွန်မတွေ့နေတာတော့ အလုပ်ကို လုပ်ချင်သလိုလုပ်နေတာပဲ..."

"လုပ်ချင်သလို လုပ်လို့ရတဲ့အနေအထား ကိုယ့်မှာရှိတယ်လေ...။ပြီးတော့ ခုပြော‌ေနတဲ့စကား‌ေတွက အပြောင်အပြက် မဟုတ်ဘူး...။တကယ်အတည်ပြောတာ..."

သို့နှင့် သူမက ဆက်ပြောမနေတော့ဘဲ အိတ်ထဲက အဝတ်တွေကိုသာနေရာချကာ အကုန်ပြီးစီးသည့်အချိန်တွင် နှစ်ယောက်သား ဟိုတယ်ဘက်သို့ ထွက်ခဲ့လိုက်ကြသည်။သူက ဟိုတယ်၏မန်နေဂျာဖြစ်သည့် မနန်းမိုခမ်းဆိုသောအစ်မအား သူမကိုမိတ်ဆက်ပေးလျှင် ကြည့်လိုက်သည်နှင့် စိတ်ရင်းကောင်းပုံရသော အသားဖြူဖြူ ထောင်ထောင်မောင်းမောင်းအစ်မသည် သူမကိုလည်း ချစ်ခင်ဖော်ရွေစွာနှင့်ပင် တလေးတစားဆက်ဆံလေသည်။ထို့နောက် ဟိုတယ်၏ လက်ရှိလည်ပတ်နေပုံအကြမ်းဖျင်းကို သေချာရှင်းပြရင်း ဌာနကိုယ်စီက leader များနှင့်ပါ တစ်ခါတည်း အသိပေးမိတ်ဆက်ပေးပြီးလျှင် ဝန်ထမ်းအားလုံးနှင့်မိတ်ဆက်ကာ ဖွင့်ပွဲအတွက် Meeting လုပ်ဖို့ကိုတိုင်ပင်ကြရသည်။ထိုသို့ဖြင့် ဟိုတယ်ဘက္မှာ တစ်နေကုန်အချိန်ကုန်ကာ ညစာပါစားပြီးမှ ပြန်ခဲ့ကြပြီးလျှင် အိမ်ပြန်ရောက်၍ ရေချိုးပြီးချိန်မှာတော့ အခန်းထဲကဆိုဖာမှာ laptop တစ်လုံးနှင့် အလုပ်ရှုပ်နေသောသူ့အနားသို့ သူမက ကပ်သွားလိုက်ရင်း

You are the only Exception!Where stories live. Discover now