"ဦးငယ်!..."

ကားသော့ဆွဲယူပြီးလှည့်မကြည့်တမ်းအခန်းပြင်ထွက်သွားပြီဖြစ်တဲ့ဦးငယ်။ကုတင်ထက်ငုပ်တုံ့လေးကျန်ခဲ့သည့်ရိပေါ်ပါးပြင်ထက်မျက်ရည်ဥတို့လိမ့်ခနဲ။ခါတိုင်းအပြင်မသွားခင်သူ့နှဖူးထက်ခြွေချနေကျဦးငယ်အနမ်းနွေးနွေးတို့လည်းပျောက်ရှတယ်။ချစ်စကားတွေတီတီတာတာပြောဖို့ဆိုဝေးစွ။ဦးငယ်အရင်လိုမဟုတ်တော့ပေမဲ့သူ့ကိုတော့ချစ်နေသေးတယ်ထင်တာပဲ။

.....................

"လေးလေးလာပြီ...ရေး!!!!..."

ရိပေါ်တို့အိမ်ခြံထဲဖေရှီးကားလေးဆိုက်ရပ်လိုက်တာနဲ့သားသားကကျောင်းပိတ်ရက်အပြင်ထွက်ရမယ်ဆိုတော့ပျော်လို့ရွှင်လို့သူ့လေးလေးကိုအပြေးလေးသွားကြိုတယ်။ဦးငယ်စီခွင့်မတောင်းခင်ကတည်းကဒီနေ့marketလိုက်ပို့ဖို့သားသားကိုကြိုပြောထားမိတာကြောင့်တနဂ်နွေနေ့မှသွားမယ်ပြောတော့သားသားကလက်မခံဂျီတိုက်နေတာနဲ့ရိပေါ်ဖေရှီးကိုသာအပူကပ်လိုက်ရခြင်းပင်။

"အဟက်!...ငါတို့အားကျန့်ကအပြင်ထွက်လည်ရမယ်ဆိုတော့ပျော်နေတယ်ပေါ့...လာပါဦးလေးလေးစီ..."

အားကျန့်ကိုယ်လေးကိုကောက်ပွေ့ပြီးဖေရှီးကအိမ်တံခါးဝမှာရပ်နေသည့်ရိပေါ်စီလျှောက်သွားလိုက်တယ်။

"ရိပေါ်...မင်းဦးငယ်လုပ်ပုံမဟုတ်သေးဘူးနော်...သူ့အလုပ်ကမင်းတို့သားအဖထက်အရေးပါနေရအောင်ဘာမို့လို့လဲ..."

သိတဲ့အတိုင်း ရိပေါ်မျက်နှာညှိုးတာနဲ့ဖေရှီးကပွစိပွစိလုပ်တော့တာပဲ။သူ့သူငယ်ချင်းကိုဂရုမစိုက်တဲ့လူဆို​ဘယ်လောက်ပဲကြီးကျယ် မြင့်မြတ်နေပါစေဖေရှီးလေးစားမနေတော့။

"ငါတို့သွားရအောင်ဖေရှီး..."

ရှိပါစေတော့ဆိုသည့်သဘောရိပေါ်ဘက်ကဘာတခွန်းမှချေပမလာ။ဘတ်အိပ်အမဲလေးလွယ်ပြီးကားနောက်ခန်းထဲသွားဝင်ထိုင်သည့်ရိပေါ်ကြောင့်ဖေရှီးလည်းအားကျန့်ကိုချီပြီးကားစီလျှောက်သွားလိုက်တယ်။သူဘယ်လောက်ပြောပြောရိပေါ်ကရှောင်းကျန့်ကိုအပြစ်မြင်ဟန်မရှိတာမို့သူဒေါသထွက်ရတာပဲအဖက်တင်မည်။

FOLLOW ME[Complete]Where stories live. Discover now