2K 400 29
အပိုင်း{၁၁}
ယိမ်းတိမ်း ယိမ်းတိမ်း
ယွီဖုန်းချန်းရဲ့ အရွယ်အစားက ဥ​ရောပ၊ အ​မေရိကန်က လူတွေရဲ့ အရွယ်အစား​လောက်နီးပါးပဲ။ သူ လမ်း​လျှောက်လိုက်တိုင်း အဲ့အရာဟာ သူရဲ့​ခြေ​ထောက် နှစ်ဖက်ကြားမှာ ဟိုဘက် ယိမ်းလိုက်၊ ဒီဘက် ယိမ်းလိုက်နဲ့ ဖြစ်​နေလေရဲ့။ သူ့ဘေးနားက လူအများကလည်း သူ့ရဲ့​အောက်ပိုင်းနေရာကို တိတ်တခိုးလှည့်ကြည့်​နေကြ​ပြီး ဆူညံပွက်​လော​ရိုက်​နေခဲ့တဲ့ အဝတ်လဲခန်းကြီးဟာလည်း ရုတ်တရက် ငြိမ်ကျသွားတယ်။ မြင်​နေရတဲ့ မြင်ကွင်းဟာ အ​တော်​တော့ ရယ်ချင်စရာ​ကောင်းသား...။
အဲ့မြင်ကွင်းကို မြင်လိုက်ရတဲ့ ပိုင်ရှင်းယွီမှာ မနာလိုလည်း ဖြစ်မိသလို မုန်းလည်း မုန်းမိလာတယ်။ ရုပ်ရည်ဆိုလည်း အဲ့ယွီဖုန်းချန်းက ခေါင်းစ​ခြေဆုံး အပြစ်တစ်ချက်တောင် ပြောစရာမရှိ...။ အဲ့မျက်နှာ​ချော​ချောရယ်၊ အဲ့ဒီတောင့်တင်းလှပတဲ့ ရင်ဘတ်ကြွက်သား​တွေရယ်၊ အဲ့​ဒီရှည်ပြီး သွယ်တဲ့ ခြေတံ​တွေရယ်၊ ပြီး​တော့ သူ့ရဲ့ ဟိုအရာအရွယ်အစားကအစ အခြားသူတွေထက် ထင်းထွက်​နေတာပဲ။
ပိုင်ရှင်းယွီ တကယ် နားမလည်နိုင်တော့ဘူး။ ဒီလိုပြီးပြည့်စုံတဲ့ ပုံစံမျိုးနဲ့ ကြီးပြင်းလာတာ ဒီဂြိုလ်​ကောင်​​​လေး ငယ်ငယ်က ဘာ​တွေစားပြီး ဘာ​တွေများလုပ်ခဲ့လို့ပါလိမ့်။
ဒီအဝတ်လဲခန်းထဲမှာ ယွီဖုန်းချန်းနဲ့ ယှဥ်နိုင်တဲ့ သူဆိုလို့ တာရှုန်းတစ်​ယောက်တည်းသာ...။ တာရှုန်းက ပြုံးလိုက်ပြီး ပြောတယ်။
“ဘယ်ဆိုးလို့တုန်း......သားကြီးရ....အံ့သြစရာပဲ"
ထိုအခါ ယွီဖုန်းချန်းက တာရှုန်းရဲ့ ပခုံးကို ခပ်ဖွဖွထိုးလိုက်ပြီး ရယ်သံယဲ့ယဲ့နဲ့ ပြန်ပြော​လေရဲ့။
"ရေသာ သွားချိုးစမ်းပါ"
ယွီဖုန်းချန်း ပိုင်ရှင်းယွီအနားက​နေ ဖြတ်​လျှောက်သွားတဲ့အခါ ပိုင်ရှင်းယွီ ချက်ချင်းပဲ အလျင်အမြန် locker ဘက်ကို လှည့်လိုက်ပြီး ပစ္စည်း​တွေ ရှင်း​နေသလို ဟန်​ဆောင်​နေလိုက်တယ်။ အစက​တော့ ပိုင်ရှင်းယွီ ဟာ သူ့အရွယ်အစားနဲ့ ပတ်သတ်ပြီး ယုံကြည်ချက်​တွေအပြည့်ဖြစ်​နေခဲ့တာ။ လှပျိုဖြူ​လေး​တွေအများကြီးနဲ့လည်း အိပ်ဖူးထားတာဆို​တော့ သူ့အရာကို ရွှေ​သေနတ်လေးလို့ပင် မှတ်ယူထားခဲ့တာ။ ဒါ​ပေမယ့် ယွီဖုန်းချန်းရဲ့ အံ့အားသင့်စရာကြီး​ကို မြင်လိုက်ရ​တဲ့အခါ​မှာတော့ သူ့အရာလေးဟာ ဘာမှ မဟုတ်​တော့သ​လိုပဲ...။
My Little Poplar - 小白杨 (Myanmar Translation)Dove le storie prendono vita. Scoprilo ora