2.8K 459 45
[Zawgyi]
အပိုင်း{၁၀}
နေ့လယ်ခင်းလောက်ကျ ချန်ကျင်းက သူတို့အဖွဲ့ကို တပ်စခန်းတွင်း စည်းကမ်းတွေကို ပြောပြပေးမယ်ဆိုတာနဲ့ အဆောင်မှာရှိနေကြတဲ့ တပ်သား,အယောက် ၂၀ ကျော်ဟာ ခေါက်ခုံလေးတွေ တစ်ခုံစီကို ဆွဲကာ ဝိုင်းဖွဲ့ထိုင်လိုက်ကြပြီး ချန်ကျင်းပြောသမျှကို စာအုပ်လေးတွေမှာ လိုက်မှတ်နေကြတယ်။ ပိုင်ရှင်းယွီကတော့ စာတစ်လုံးမှ လိုက်မမှတ်ဘဲ စာရွက်ပေါ်မှာ ဟိုခြစ်ဒီခြစ်နဲ့ ပုံတွေသာ လျှောက်,ဆွဲနေလေရဲ့။
ပိုင်ရှင်းယွီကို မြင်သွားတဲ့ ချန်ကျင်းက ရုတ်တရက် လက်ခုပ်တချက်,ထတီးလိုက်တယ်။
"နောက်မှ အမှားလုပ်မိရင် မင်းတို့ကို ငါက မပြောပြခဲ့လို့ပါဆိုပြီးတော့ ငါ့ကို လာအပြစ်မတင်နဲ့...အခုပြောပြလိုက်တဲ့စည်းကမ်းတွေနဲ့ ပတ်သတ်လို့ မင်းတို့အားလုံးကို လိုက်စမ်းသပ်ဦးမှာ...အိပ်ယာခင်းပုံခင်းနည်းနဲ့ ပတ်သတ်လို့လည်း ပြိုင်ပွဲလုပ်မယ်...အမှတ်နည်းတဲ့သူတွေက အမှတ်များတဲ့သူတွေရဲ့အလုပ်တွေကို တစ်လတိတိလိုက်ကူညီပေးရမယ်...ကိုယ်ကာယပဲဖြစ်ဖြစ် စိတ်ဓါတ်ရေးရာပဲဖြစ်ဖြစ် တပ်ထဲမှာ သင်ပေးသမျှ အရာအားလုံးနဲ့ပတ်သတ်လို့ စာမေးပွဲတွေလုပ်သွားမှာ...ရိုးရိုးရှင်းရှင်းပဲ ပြောရရင် ရလာမယ့် အမှတ်အနိမ့်အမြင့်တွေက မင်းတို့အနာဂတ်ရဲ့ အဆုံးအဖြတ်ပဲ...အကျယ်တဝင့်ပြောပြရမယ်ဆိုရင်တော့ မင်းတို့ စစ်တိုက်သွားရတဲ့အခါကျ ဒီမှာသေချာလိုက်လေ့လာသွားမှ အသက်ရှင်နိုင်ချေ ပိုများမယ်...အဲ့ဒါကြောင့် သေချာလိုက်မှတ်"
နောက်တော့ အဖွဲ့ထဲက လူကောင်ခပ်ထွားထွား၊သန်သန်မာမာရှိတဲ့ တစ်ယောက်က လက်ထောင်ကာ ပြောလာတယ်။ သူ့ရဲ့ နာမည်ပြောင်က တာရှုန်း (တစ်) တဲ့လေ။
              *တာရှုန်း-လူစွမ်းကောင်းကြီး၊သူရဲကောင်းကြီး*
“ခေါင်းဆောင်”
“ပြော”
တာရှုန်းက တခစ်ခစ်ရယ်လိုက်ရင်း,
“ခေါင်းဆောင်, အမှန်အတိုင်းပဲ ပြောပြစမ်းပါ နောက်ကျ ငါတို့ တကယ်ပဲ အထူးတာဝန်တွေလုပ်ရတော့မှာလား? တကယ့်သေနတ်တွေ တကယ့်ကျည်ဆံတွေ သုံးရတဲ့အဲ့လိုတာဝန်မျိုးတွေလေ..."
My Little Poplar - 小白杨 (Myanmar Translation)Where stories live. Discover now