《6.1》5 km ပြေးရခြင်း!/5 km ပြေးရခြင်း!

3.2K 722 115
                                    

[Zawgyi]

အပိုင်း{၆}
5 km ပြေးရခြင်း!

ပိုင်ရှင်းယွီလည်း တုံ့ဆိုင်းတုံ့ဆိုင်းနဲ့ပဲ ရှေ့ကို လျှောက်သွားလိုက်တယ်။ထိုအခါ ရွှီချောင်က စင်မြင့်ပေါ်ကနေ ခုန်ဆင်းလိုက်ကာ လက်နှစ်ဖက်ကို နောက်ပစ်လျက် ပိုင်ရှင်းယွီဆီကို လျှောက်လာလေရဲ့။အနားကို ရောက်လာတဲ့ ရွှီချောင်ရဲ့စူးရှရှအကြည့်တွေဟာ ပိုင်ရှင်းယွီရဲ့အရေပြားကို တစ်လွှာချင်း အရေဆုတ်ခွာချနေသည့်အတိုင်းပင်...။

နောက်ဆုံးတော့ ရွှီချောင်က စကားစလာတယ်။အသံကျယ်ကျယ်နဲ့ ပြောလိုက်တာမျိုး မဟုတ်ပေမယ့် ရွှီချောင်ရဲ့ဆူပြောသံကြောင့် ပိုင်ရှင်းယွီရဲ့ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်သွားလေရဲ့။

"အရင်ဆုံး မင်းတို့အားလုံးကို ပြောထားဦးမယ်...ဒီနေရာက အခြားတပ်တွေနဲ့ မတူဘူး...ဘာလို့မတူတာလဲ? တစ်အချက်...ဒီနေရာက တောင်ပေါ်ဒေသဖြစ်လို့...ဒီက ရာသီဥတုနဲ့ နေသားကျသွားတဲ့အချိန်ထိ မင်းတို့အားလုံး သူများထက် နှစ်ဆပိုပြီး လုံ့လစိုက်ကြိုးစားရမယ်...နှစ်အချက်...မင်းတို့ရဲ့နည်းပြတွေက သူများနဲ့မတူဘူး...မင်းတို့ ငါ့ရဲ့လက်ထဲရောက်ပြီဆိုတာနဲ့ မင်းတို့မှာ မိဘတွေရှိတယ်ဆိုတဲ့ အချက်ကို မေ့ထားလိုက်တော့...ဒီစခန်းမှာ နေရမယ့် သုံးလအတွင်း ကမောက်ကမတွေ လုပ်လို့ကတော့ ဒီကနေ ဘွဲ့ရဖို့တောင် မမျှော်လင့်နဲ့...ငါ့လက်အောက်က စစ်သားတွေအားလုံး လုပ်သမျှအရာရာတိုင်းမှာ စစ်သားတစ်ယောက်လိုပဲပြုမူနေထိုင်ရမယ်...သုံးအချက်...ဒီနေရာက ငါတို့အမိမြေရဲ့ နယ်စပ်ဒေသတစ်ခုပဲဖြစ်တယ်...မင်းတို့က နယ်ခြားစောင့်တပ်သားတွေမဟုတ်ပေမယ့်လည်း ဒီက စစ်သားတွေအားလုံး ရိုင်ဖယ်သေနတ်တစ်ယောက်တစ်လက်စီကိုင်ရပြီး တစ်ယောက်ယောက်ကို ပစ်ခတ်ရမယ့်နေ့မျိုးလည်း ရှိလာနိုင်တယ်...ငါတို့နယ်မြေထဲကို ဝင်ပြီး ပြဿနာလာရှာတဲ့ အယုတ်တမာကောင်တစ်ယောက်ယောက်ကို တွေ့ပြီဆိုတာနဲ့ မင်းတို့တစ်ယောက်ချင်းစီက အမြန်ဆုံး သတ်ပစ်လိုက်ဖို့လိုတယ်!ဒီကို ရောက်ပြီဆိုတာနဲ့ အရင်က ငြိမ်းငြိမ်းချမ်းချမ်းနေခဲ့ရတဲ့ အချိန်တွေကို မေ့ပစ်လိုက်တော့...ဒီယူနီဖောင်းကို ဝတ်ဆင်လိုက်ပြီဆိုထဲက မင်းတို့ရဲ့ခန္ဓာကိုယ်တွေ သွေးထွက်ရင်ထွက်ပါစေ...ငါတို့ရဲ့စစ်တပ်ကိုတော့ အရှက်တကွဲအကျိုးနည်းမဖြစ်စေနဲ့!"

My Little Poplar - 小白杨 (Myanmar Translation)Onde histórias criam vida. Descubra agora