《9》အရိုင်းအစိုင်း/အရိုင်းအစိုင်း

2.6K 483 39
                                    

[Zawgyi]

အပိုင်း{၉}
အရိုင်းအစိုင်း

ပိုင်ရှင်းယွီမှာ ရွေးချယ်စရာမရှိ...စောင်​ခေါက်နည်းကိုပဲ ၂ နာရီလောက် အောင့်အီးသည်းခံကာ သင်လိုက်ရ​တယ်။နောက်ဆုံး​​တော့ သူ့ဘ၀မှာ တစ်ခါမှ မလုပ်ခဲ့ဖူးတဲ့ အရာတစ်ခုကို ပထမဆုံးလုပ်လိုက်ရ​လေတယ်။ အိပ်ယာကိုလည်း ကိုယ့်ဘာသာကိုယ် ပြင်ရမယ်? ပိုင်ရှင်းယွီမှာ ပိုပြီးမျက်စိလည်သွားမိတယ်။ အခန်းထဲလူ​တွေက​တော့ ဘယ်သူ့အိပ်ယာက ပိုသပ်ရပ်သလဲဆို​တာ​ကိုတောင် ပြိုင်ပွဲလုပ်ချင်​တယ်တဲ့​လေ။ နေ့တိုင်း နေမထွက်ခင်မှာလည်း သူ့မျက်လုံးနှစ်လုံး,လုံးကို မရမက ရ​အောင် ဖွင့်ပြီး ထရဦးမယ်။ ညဘက် ရတဲ့အိပ်ချိန်​နည်းနည်း​လေးမှာလည်း ဒီအိပ်ယာပြင်တဲ့အချိန်ကို ဖဲ့​ပေးရဦးမယ်။ အဲ့လိုအ​ကြောင်း​တွေကို တွေးရင်း သူ့ဘဝဟာ ပို၍,ပို၍ပင် အဓိပ္ပါယ်မဲ့လာသ​ယောင်...။

ယွီဖုန်းချန်းက​တော့ ရေချိုးခန်းထဲမှာ သူ့ကို ခြိမ်း​ခြောက်ခဲ့တဲ့ ကိစ္စကိုတောင် မေ့​သွားပြီလားပဲ။ ရုတ်တရက်ကြီး ခင်သလိုမင်သလို ဟန်​ဆောင်ပြီး သူ့ကို စောင်​ခေါက်နည်းတွေပါ လာသင်​ပေးနေ​လေရဲ့။ အိပ်ယာခင်း​တွေကိုပါ ခင်း​ပေးသွား​သေး...။ ဖုန်းသုန့်ယွမ်နဲ့ ချန်းလျန်တို့က​တော့ သူတို့နှစ်​ယောက်ကို အဆင်​ပြေသွားကြပြီလို့ ထင်​နေကြကာ ဝမ်းသာ​နေကြ​တယ်။ သူတို့က​တော့ ဒီလူငယ်​လေးနှစ်​ယောက်ရဲ့ က​တောက်ကဆဖြစ်မှု​တွေက အချိန်တိုတို​လေးအတွင်းမှာပဲ မြန်မြန်ဆန်ဆန်နဲ့ပြီးသွား​လိမ့်မယ်လို့ ရိုးရိုးရှင်းရှင်း​သာ တွေး​နေကြပုံပေါ်တယ်။
 
နေထိုင်မှုစည်းမျဉ်းစည်းကမ်းတွေကို ပြောပြပြီးသွား​တော့ ချန်ကျင်းက သူတို့ကို တစ်နာရီ နားချိန်​ပေးတယ်။ မကြာခင်အချိန်အတွင်းမှာလည်း နေ့လည်စာစားချိန် ရောက်​တော့မှာဖြစ်တယ်။ နေ့လည်စာ စားပြီး ရတဲ့အချိန်နည်းနည်း​လေးမှာ​တော့ လှဲအိပ်လို့ရမှာပဲလို့ ပိုင်ရှင်းယွီ​တွေးမိလိုက်တယ်။ နာရီကိုပဲ စိုက်ကြည့်​နေမိရင်း အချိန်ရယ် မြန်မြန်ကုန်ပါ​တော့ လို့သာ ဆု​တောင်း​နေမိ​လေရဲ့။ ဒီ​နေ့ဟာ သူ့ဘဝရဲ့ အပင်ပန်းဆုံး၊အကြာဆုံးတ​နေ့တာသာ ဖြစ်လိမ့်မယ်။ ဒီလိုအဖြစ်အပျက်​တွေအများကြီး ဖြစ်သွားပြီးတာ​တောင် အခုထိ မနက်ပိုင်းပဲရှိ​သေးတယ်တဲ့လား!

My Little Poplar - 小白杨 (Myanmar Translation)Where stories live. Discover now