"ငယ် ကို့ကိုကြည့်အုံး "
မော့ကြည့်လာတဲ့ငယ်က ငိုထားသည့်အတွက်ရော ရှက်နေသည့်အတွက်ပါ နီရဲနေသည့်ငယ့်မျက်နှာက
မွေးခါစ ကလေးပိစိလေးလို...။
အနှီးထုပ်ထဲပြန်ထည့်ထားလိုက်ချင်တယ်
"ငယ်သိလား ကိုကိုငယ့်ကိုသိပ်ချစ်တာ"
"သိတယ်လေ "
"ဟင် ငယ်ကသိတယ် "
"အင်း ကိုကိုကလဲ bibi ကိုချစ်တယ် jin hyung ကလဲbibi ကိုချစ်တယ် joon ကလဲbibiကိုချစ်တယ် ဖေဖေနဲ့မေမေရောပဲ
Bibi ကအချစ်ခံလေး "
သူ့ကိုယ်သူအချစ်ခံလေးဖြစ်ကြောင်း ဂုဏ်ယူစွာ
ပြောနေတဲ့ငယ်က ကိုယ်ပြောတဲ့အဓိပ္ပာယ်နဲ့ လွဲနေပြန်ပြီ။
"မဟုတ်ဘူး ငယ် "
"ဟင် ကိုကိုက bibi ကိုမချစ်ဘူးလား "
သူကိုမချစ်ဘူးလို့ပြောသည်ဟု ထင်ကာ မျက်နှာငယ်လေးနဲ့
မေးလာတဲ့ငယ် မချစ်ပဲနေပါ့မလား ငယ်ရယ်...။
"မဟုတ်ဘူး ချစ်တယ်လေ ငယ်ရဲ့ ဒါပေမယ့် ကိုကို့အချစ်က jinတို့ joon တို့နဲ့လဲ မတူသလို ဖေဖေ မေမေနဲ့လဲ မတူဘူး.. "
"အာ့ဆို ဘယ်လိုချစ်တာလဲ "
"ချစ်သူလို.. "
"ချစ်သူလို..? "
ဒီကလေး အူလည်လည် လုပ်နေပြန်ပြီ..။
"ဟုတ်တယ် ချစ်သူလို ဖေဖေကမေမေ့ကို ချစ်သလို joon က
ဟိုကောင်လေးကို ချစ်သလို. .."
"ဟာဗျာ "
သဘောပေါက်သွားတဲ့ငယ်က ရှက်၀ဲ၀ဲလေးနဲ့ မျက်နှာလေးကိုတစ်ခြမ်းစောင်းသွားခဲ့သည်.. .
"တကယ် ကိုကို ငယ့်ကို တကယ်ချစ်နေမိတာ ငယ်ကရော "
"..."
"ငယ်? "
"မသိဘူးဗျာ "
"မသိလို့မရဘူးလေ ပြော ကိုယ့်ကိုချစ်လား "
"jin hyung ကပြောတယ် Tae ကမကောင်းဘူး
လူဆိုးကြီးတဲ့ သူ့ကိုမချစ်မိစေနဲ့တဲ့.. "
"ကိုယ်ချစ်နေတာ jin hyung မှမဟုတ်တာ ငယ့်ကိုလေ
ကိုယ်ကငယ့်စိတ်ကိုပဲ သိချင်တာ ပြော
ချစ်လား မချစ်ဘူးလား "
"ဟို ဟို. ... "
"ဘာမှ ဟိုမနေနဲ့ ပြော! "
ပြောလိုက်တာအသံကျယ်သွားတယ်ထင် ငယ့်ရဲ့မူပိုင်
မျက်လုံးလေးကနေ ပုလဲလုံးတို့ကရစ်သီလာပြီ
ဒီကလေး မျက်ရည်ကို ပေါလွန်းတယ်....။
ငိုချတော့မယ့် အရိပ်အယောင်တွေ ပေါ်နေတဲ့ငယ့်ကို
ရင်ခွင်ထဲသာ အသာဆွဲထည့်ရတော့သည်.. ။
"ကဲ ကဲ တိတ် ကိုကိုက ဒီအတိုင်း ပြောလိုက်တာပါ အသံနည်းနည်း
ကျယ်သွားတာပါ ငယ့်ကိုအော်တာမဟုတ်ရပါဘူး
ငယ့်သဘောပါ ဟင်း... ငါမချစ်လဲရပါတယ် "
"ဘယ်သူကမချစ်ဘူးပြောလို့လဲ "
"ဟင် "
"ဟို bibi ကကိုယ့်စိတ်ကိုယ်မသိယုံပါ
ကိုကိုအနားမှာရှိနေရင် bibi ရင်ခုန်တယ် ကို့ကိုကို တွေ့ရရင်ပျော်တယ် ကိုကိုလာမခေါ်တဲ့ နေ့တွေဆို နေလို့မကောင်းဘူး
ကျောင်းပိတ်တိုင်း ကိုကို့ကိုသတိရတယ် bibi
မဟုတ်ဘူး.. ငယ် ကိုကို့ကို ချစ်နေပြီထင်တယ် "
လုံလောက်ပြီ ဒီလောက်ဆို ငယ်လဲသူ့ကိုချစ်နေတာမလို့
ဘာစကားမှမလိုတော့ ရင်ခွင်ထဲပြန်ထည့်ထားလိုက်တော့မယ်
ဘယ်သူမှ မမြင်အောင်....
"ငယ် ကိုကို့ကို ချစ်တယ်နော် "
ရင်ခွင်ထဲမှ လည်ပင်းကို သိုင်းဖတ်ကာ တိုးတိုးဆိုလာသော
ငယ့်စကား....။
"ကိုကိုလဲ ငယ့်ကိုချစ်ပါတယ်ဗျာ "
*********
လာပြီ လာပြီ
မျှော်နေတဲ့သူများဆီလာပြီ 🤭
✨part 4✨
Start from the beginning
