"အသေးလေး ဟေ့ အသေးလေး Jung Hobi ကလေးလေး "
ကိုယ်ဘယ်လောက်လှည့်မကြည့်ပဲ ရှေ့ကနေ တောက်တောက်တောက်တောက်နဲ့ လှုပ်တုတ်တုတ်သွားနေတဲ့
ကောင်လေး ကြည့်ရတာ သူ့အိမ်က ငါနဲ့ပတ်သတ်ပြီး
ဘာပြောလိုက်တာလဲ ပြောရအောင် ငါနဲ့လဲမသိ.....
"ကလေးလေး ငယ် ကိုယ်ခေါ်နေတယ်လေ "
စိတ်မရှည်တဲ့အဆုံး အမြန်လိုက်ရင်း လက်ကိုလှမ်းဆွဲမှ
ရပ်သွားလေသည်.....
"ကျွန်တော့်ကိုအဲ့လိုခေါ်နဲ့ နာမည်ရှိတယ် ကြိုက်ဘူး"
ဆူပုတ်ပုတ်နဲ့ရန်တွေ့နေတဲ့ ကလေးငယ်ရယ်ပါ
"ရော ကိုယ်နာမည်ခေါ်တုန်းက မင်းလေးက လှည့်ကြည့်လို့လား "
"သိဘူးခေါ်နဲ့ စကားလဲမပြောနဲ့ "
"ပြောမှာပဲ ဘာလဲ အိမ်ကကိုယ်နဲ့ပတ်သတ်ပြီး
ဘာပြောလိုက်လို့လဲ "
"ဘာမှမပြောဘူး ကျွန်တော့်နောက်လဲမလိုက်နဲ့ စကားလဲလာမပြောနဲ့
Joon နဲ့တိုင်ပြောမှာ"
သူ့သူငယ်ချင်းနဲ့တိုင်ပြောမယ်ဆိုပြီး ခြိမ်းခြောက်တယ်တဲ့
မင်းက ကလေးလား ငယ်.....
"တိုင်လေကိုယ်က ကြောက်ရမှာလား "
ပြောပြောဆိုဆိုနဲ့ ခန္တာကိုယ်သေးသေးလေးကို လက်ကနေ ဆွဲခေါ်ပြီး
ရင်ခွင်ထဲ ထည့်ပစ်လိုက်တယ် မှတ်ပြီလား...
"အင့် ဟာဗျာ ဘာလုပ်တာလဲ လွှတ် "
လွှတ်ဆိုပြီး ရုန်းနေတဲ့ ငယ်က ကိုယ့်ကိုနိုင်မယ်တဲ့လား
မင်းသူငယ်ချင်းနဲ့မင်းနှစ်ယောက်ပေါင်းတောင် ကိုယ့်ကိုမနိုင်ဘူး
အကောင်ပေါက်လေးရဲ့..
"ပြော Jung Hobi ဘာလို့ ငါ့ကိုရှောင်နေလဲ
ပြောပြရင်လွှတ်ပေးမယ် "
ရုန်းနေတဲ့ကောင်လေးက ရုတ်ချည်းဆိုသလို ငြိမ်သက်သွားတယ်
နားလည်လွယ်သားပဲ.. ...
သို့သော် အထင်နဲ့အမြင်သည် တပ်တပ်စင်အောင် လွဲခဲ့သည်
"ဟင့် အဟင့်"
ရင်ခွင်ထဲကိုမျက်နှာအပ်ပြီး ထငိုသော ငယ့်ကြောင့်
လူက ပြူးပြူးပြာပြာဖြစ်ရပြန်သည်..
