ကျွန်တော်နဲ့ငယ်နဲ့ ပေါင်းနေတဲ့ အချိန်မှာ သိလိုက်ရတာက
ငယ်က အရိုးခံလေးဖြစ်သလို ချွဲစိန်လေးလဲဖြစ်နေတာပဲ...။.
ကျွန်တော့်အကြောင်း သိဖြစ်နေသော ငယ့်ရဲ့အစ်ကိုက
သိပ်သဘောမကျ၍ namjoon ဆိုသော
ကောင်လေးကို အကူအညီတောင်းထားပုံရသည်. ...။
ထိုကောင်လေးက ငယ့်နားက တစ်ဖ၀ါးမှ မခွာ
တောက်တဲ့လို ကပ်နေတတ်သည်... ။
သို့သော် ကံကောင်းတယ်ပဲ ပြောရမလား
သူကြိုက်နေတဲ့ကောင်လေးက ကျွန်တော့်ရဲ့ အသိညီလေး
ဖြစ်နေသည့်အတွက် သူ့ကိုပဲ အကူအညီ တောင်းကာ
ငယ့်နားကခွာထုတ်ရသည်.. ...။
အခုလဲ ထိုကောင်လေးက အပြင်သွားချင်တယ်
လိုက်ခဲ့ပါဆိုလို့ ပါသွားသည်. ..
ဒါတောင် အင်တင်တင် လှည့်ကြည့်လှည့်ကြည့်နဲ့
သံယောဇဉ် မပြတ်နိုင်ကြပုံ....။
"joon တာ့တာနော် "
သူ့သူငယ်ချင်းအပြင်ခဏသွားတာကို စစ်ထဲ၀င်သွားသလို
ငိုမဲ့မဲ့ ဖြစ်နေသောငယ့်ကိုကြည့်ပြီး ရီရမလို ငိုရမလို...။
"ဟင့် "
ဟော ကြည့် ပြောရင်းဆိုရင်း မျက်ရည်တွေက ဘူးသီးလုံးလောက်ကြလာပြီ.. ။
"ငယ်...... ဘာဖြစ်လို့လဲကွာ ကိုယ်စိတ်မကောင်းအောင်
ဘာလို့ငိုနေတာတုန်း"
"ကိုကို "
သူစိတ်လိုမှ ချွဲချင်မှ သုံးတဲ့ နာမ်စားလေးကြောင့် ကိုယ့်မှာပြူးပြူးပြာပြာ....။
"ဗျာ ပြောလေ ငယ်ရဲ့ "
"ဟင့် joon ကိုခေါ်ပေး "
ဟိုကသွားတာဖြင့် ဟိုဘက်လမ်းတောင် ရောက်သေးရဲ့လား။
ငယ်ကပြန်ခေါ်ခိုင်းနေပြီ... .
ငယ့်ပါးပြင်ပေါ်မှာရစ်သီနေတဲ့ မျက်ရည်ဥလေးတွေကို အသာသုတ်ပေးမိသည်...။
ရာရာစစ ငါ့နှာခေါင်းအခြေချတဲ့နေရာကို လာယူရဲတာလား။
"ကဲ ငယ် ဟိုကသွားတာ ဘယ်လောက်မှမကြာသေးဘူး
ဘာလို့ပြန်ခေါ်နေတာတုန်း အချိန်တန်ပြန်လာမှာပေါ့
သူက ကလေးလား... "
"ဟင့်အင်း ခေါ်ပေး "
"ကဲ ငယ် သူ့ဟာသူ သွားပါစေ ငယ်ကဘာဖြစ်နေတုန်း
ဘာလဲ ကို့ကိုကို စိတ်မချဘူးလား ဟင် "
