ထိုသို့ပြောလိုက်တော့ မျက်လုံးရွှဲကြီးတွေနဲ့ ပြန်ကြည့်လာပုံက
ဆွဲဆတ်မွချင်စရာ....။
တွေးနေတာမှကြာအုံးမယ် Kim Tae hyung တို့ကတော့
ငယ့်ရဲ့ပါးဖောင်းဖောင်းကိုအနမ်း ခြွေပြီးနေပြီ...။

"ရွှတ် "

အနမ်းခံရတဲ့ ငယ်က ကျွန်တော့်ကို ပြူးပြူးလေးကြည့်နေရင်းမှ
အီခနဲ ငိုချလိုက်သောကြောင့်... ဘေးကလူတွေကပါ ကြည့်ကုန်ကြပြီ။

မသိရင် ကျွန်တော်က ကလေးလေးအား မတော်မတရားကြံစည်နေပုံ။

"အီးဟီး အဲ့လိုကြောင့် Tae ကိုကြောက်တာ Tae က
နှာဘူးကြီး bibi ကိုအသားယူတယ်
Joon ကိုပြန်ခေါ်ပေး ပြန်ခေါ်ပေးလို့.. အီးဟီး "

သူ့သူငယ်ချင်းအား တစ်သသခေါ်ကာ ပြဲလန်နေအောင်
အော်ငိုနေသော ငယ့်ကို ပေါင်ပေါ်ဆွဲတင်လိုက်တော့
အဂျစ်ကလေးက ယက်ကန်ယက်ကန် ရုန်းနေသေးသည်..။

"ကဲ တိတ် မဟုတ်ရင် ဒီနေရာမှာ နှုတ်ခမ်းကို ဆွဲမွလိုက်မှနော် "

"နမ်းကြည့်ပါလား jin hyung နဲ့တိုင်မှာပြီးတော့
joon ရော
ပြီးတော့.... "

သူ့ကိုနမ်းရင်ပြန်တိုင်မယ့် လူတွေကို နှုတ်ခမ်းတစ်ထော်ထော်နဲ့
ရှင်းပြနေတဲ့ငယ့်ကြောင့် လည်တိုင်လေးကို အသာဆွဲကာ
နှုတ်ခမ်းချင်းထိကပ်ပစ်လိုက်သည်...။

ထော်ချင်အုံး အဲ့နှုတ်ခမ်း။

ရုတ်တရက် အနမ်းခံလိုက်ရတဲ့ငယ်က ကြောင်တောင်တောင်လေး
ငြိမ်နေသည်.. အောက်နှုတ်ခမ်းလေးကို အသာဆွဲစုပ်လိုက်တော့
ကိုယ်လုံးလေးတုန်တတ်သွားသည်ထိ ငယ်ကအရိုးခံလေး...။

ခဏကြာလို့ နှုတ်ခမ်းလေးအား နှမြောတသနဲ့
လွှတ်ပေးလိုက်တော့ ငယ်ကရင်ခွင်ထဲကို ပစ်၀င်လာ၍
အသာဖတ်ထားလိုက်သည်...။

"ဘာဖြစ်လို့လဲ ငယ် ရှက်လို့လား "

ကျွန်တော့်ရဲ့ အမေးအား ပြန်မဖြေပဲ ရင်ခွင်ထဲကပဲ
ခေါင်းကိုတစ်ဆတ်ဆတ်ငြိမ့်နေပုံက အူယားစရာအတိ။

ခေါင်းလုံးလုံးလေးအား ဖွဖွနမ်းကာ အသာဆွဲမရင်း မျက်နှာချင်းဆိုင်ကာ
မျက်လုံးချင်းဆုံအောင် လုပ်လိုက်သည်။

~✨Until The End ✨~Where stories live. Discover now