အပိုင်း ( ၅၅ ) ( Unicode )

Start from the beginning
                                    

စားပွဲပေါ်မှာတင်ထားသည့် ဓာတ်ပုံများနှင့် တိုက်စစ်ကြည့်လိုက်တော့ အမှန်တကယ်ပင် ထိုလူအုပ်ထဲမှာ ခန့်မဟော်ဆိုသည့်လူ ပါဝင်နေသည်။

သူ ငှားရမ်းထားသည့်လူက စုံထောက်ဟောင်းဖြစ်သည်မို့ စေ့စပ်သေချာသလို ငွေကိုလည်း နင့်နေအောင်ပေးရသည်။ သို့ပေမဲ့ လိုချင်သည့်သတင်းအချက်အလက်ကို မှန်မှန်ကန်ကန်နှင့် တိတိကျကျရဖို့အတွက်ဆိုရင် ငွေ‌ဘယ်လောက်ပေးရပေးရ သူ မမှုချေ။

လူမှားသွားသည်ဆိုတာမျိုး မဖြစ်ရလေအောင် နောက်တဖန် ထိုဓာတ်ပုံများနှင့် သေသေချာချာတိုက်စစ်လိုက်ပြီး

“ သူပဲ ”

ထိုအခါ လရောင်ကပါ ဓာတ်ပုံများကို ကောက်ယူကြည့်ပြီး

“ အေး ... ဟုတ်တယ် ... သူပဲ ... ဒါနဲ့ ဈာန် မင်း ဘယ်လောက်သုံးလိုက်ရလဲ ”

ဈာန်ရောင်ခရဲ့မျက်နှာထက်မှာ မထိတထိအပြုံးတချို့ ပေါ်‌ပေါက်လာခဲ့ပြီး

“ မင်း မသိတာပိုကောင်းမယ် ... တော်ကြာ လန့်သွားမှာစိုးလို့ ... ”

“ ခွေးကောင် ”

လရောင်က သူ့လက်မောင်းကို လက်သီးဖြင့် ဖွဖွလေး ထိုးလာသည်။

“ ဒါနဲ့ မင်း ငါနဲ့ ဘားကို လိုက်လာတာ ဟိုကောင် ရှိန်ဝါ သိလား ”

လရောင်က သူ့ကိုကျ ဘီယာမသောက်ဖို့ပြောပြီး ကိုယ်တိုင်ကျ ဘီယာခွက်ကို နှုတ်ခမ်းနားမှာ တေ့ထားကာ တစ်ဟုန်ထိုး မော့သောက်လိုက်သည်။

“ အင်း ... သိတယ် ... ငါ ပြောခဲ့တယ် ”

“ သူ မင်းကို ဘာတွေထပ်ပြောသေးလဲ ”

ထိုအခါ လရောင်က ခပ်ယဲ့ယဲ့ပြုံးကာ

“ မပြောပါဘူး ... မင်းကလည်း သူ့အကြောင်းကို သိရက်သားနဲ့ ... သူက ဘယ်တုန်းကများ ငါ့ကိစ္စကို ဝင်ပါဖူးလို့လဲ ”

“ ဒါဆိုလည်း ပြီးတာပဲလေ ... အခု ငါတို့ ဝိုင်းရွေ့ရအောင် ”

“ အေး ”

ဈာန်ရောင်ခတို့နှစ်ဦးလုံး နဂိုထိုင်နေရာမှ ထရပ်လိုက်ကာ ဟိုအုပ်စုနှင့် အနီးဆုံးမှာ ရှိသည့် စားပွဲဝိုင်းသို့ ပြောင်းရွေ့ထိုင်လိုက်သည်။

လွမ်းရိပ်ငွေ့တို့ ကြွေလွင့်ချိန် ( လွမ်းရိပ်ငွေ့တို့ ကြွေလွင့်ချိန် )Where stories live. Discover now