အပိုင်း ( ၅၄ ) ( Unicode )

Start from the beginning
                                    

အေးပေါ့လေ။ ဇင်ဇင်သာ ကိုယ့်ဟာကိုယ် ပြန်လိုက်ရင် ဒင်းက ဘယ်သူ့ဆီကနေ လေးဆက်ရဲ့တစ်နေ့တာကိစ္စအဝဝကို မေးလို့ရမတဲ့လဲ။ အခုမှပဲ ဈာန့်ကို သနားဖို့ထက် ကိုယ့်ဘဝကိုသာ ကိုယ် ပြန်သနားဖို့ ဇင်ဇင် သတိရမိတော့သည်။

“ ဥဥ နင် သတင်းမေးဖို့ ငါတို့နဲ့လိုက်မှာလား ”

“ ဟမ် ! လိုက်မယ်လေ ”

ပခုံးကိုလှမ်းတို့ပြီး မေးလာသည့် မေမြတ်ရဲ့အမေးကြောင့် ဇင်ဇင် လှည့်ကြည့်လိုက်တော့ သူ့နောက်မှာ ရောက်နေသည်က မေမြတ်၊ မြတ်သူနှင့် နောင်ခန့် ... ။

ကျောင်းဆင်းဖို့ကလည်း နာရီဝက်ခန့်သာ လိုတော့သည်။ ဒီနေ့ကတော့ အရင်နေ့တွေလို အိမ်တန်းပြန်လို့မရပေ။ အရေးပေါ်အခြေအနေတစ်ခုအတွက် လမ်းကြုံဝင်စရာရှိ‌သောကြောင့် ထိုကိစ္စအတွက် ဇင်ဇင် မနက်ကတည်းက ခေါင်းခဲနေရသည်။

မတော်တဆ ဈာန်သာ သိသွားရင် မိုးမီးလောင်တာထက် ပိုကြီးကျယ်သွားမည့်ကိစ္စမို့ မပြောချင်ပေမဲ့လည်း ဈာန့်လိုပါးနပ်သည့်လူက ထိုကိစ္စကို တစ်နည်းမဟုတ် တစ်နည်းဖြင့် သိသွားမှာ သေချာပေါက်ပင်။

ဈာန့်ကို ဘယ်လိုစကားစရင်ကောင်းမလဲဆိုပြီး အကြံထုတ်နေရတာ ခေါင်းတွေတောင်ထူပူလာသည့်အပြင် ဒီနေ့တစ်နေ့လုံးလည်း စာသင်တာကို အာရုံမစိုက်နိုင်ဘဲ အဲဒီအကြောင်းကိုပဲ စိတ်ရောက်နေခဲ့သည်။

ဈာန်ရောင်ခရဲ့အစ်မဖြစ်ရသည့်ဘဝကလည်း တော်တော်မလွယ်ပါလား။

“ ဥဥ နင် ငါတို့ကားနဲ့လိုက်မှာလား ”

နေ့တိုင်း ဘတ်စ်ကားနှင့်လာပြီး ဒီနေ့မှ ထူးထူးခြားခြား ကားယူလာသည့် မြတ်သူက မေးမြန်းလာသည်။

“ မြတ်သူ နင် ကားပါလာတာလား ”

“ အေး ... ဒီနေ့ အိမ်ကလူတွေ ဘယ်မှမသွားကြတာနဲ့ရော ... ညက လေးဆက်သတင်းကြားတာကြောင့်ရော ... မထူးဘူးဆိုပြီး ကားယူလာလိုက်တာ ... နင် လိုက်မှာမလား ဥဥ ”

“ လိုက်မယ်လေ ... ဒါပေမဲ့ ငါလည်း ကားပါလာတယ် ... ငါ့မောင်လေး လာကြိုတာ ... နင်တို့က မြတ်သူကားနဲ့ပဲ အရင်သွားနှင့်လိုက် ... ငါကတော့ ငါ့မောင်ကားနဲ့ပဲ လိုက်လာခဲ့မယ် ”

လွမ်းရိပ်ငွေ့တို့ ကြွေလွင့်ချိန် ( လွမ်းရိပ်ငွေ့တို့ ကြွေလွင့်ချိန် )Where stories live. Discover now