သူစိမ်း(part-31)[Zawgyi&Unicode]

Depuis le début
                                    

ရှိန်းဇော်ခ ဒီနေ့အလုပ်က ရှယ်ယာရှင်တစ်ချို့ရဲ့မဲဆွဲမှုကြောင့် လိုက်သောက်ဖြစ်သည် ကိုယ့်ထက်အသက်ကြီးသူတွေဘဲ ဖြစ်တာကြောင့် ဖုန်း၀င်လာလို့ဖုန်းကိုင်မိရင် မယဉ်ကျေးရာကျမှဆိုးလို့ စက်ကိုပိတ်ထားလိုက်ရသည် ဈေးကွက်စီးပွားရေးအကြောင်းထဲမျောနေခြင်းကြောင့် 9 နာရီထိုးမှန်းတောင်မသိရတော့ပါ ဒီလိုသဘာရင့်တဲ့လူတွေနဲ့ လက်စုံကျတာဟာ ရှိန်းဇော်ခလိုတက်သစ်စလုပ်ငန်းရှင်တစ်ယောက်အတွက် ဗဟုသုတအတွေ့အကြုံများစွာ‌ရပေသည်...

ရှိန်းဇော်ခ ခြံလေးထဲကား၀င်လာ‌တာတောင် ဟိုသားမိအရိပ်ယောင်မတွေ့ရပါ အောက်ထပ်က နေရာတွေမှာလည်းရှိမနေပါ အပေါ်ထပ်က အိပ်ခန်းနားသို့ရောက်လာလေ သားငိုသံကိုကြားရလေဖြစ်သည် သားငိုသံကြောင့် ရှိန်းဇော်ခ အိပ်ခန်းထဲသို့အမြန်၀င်သွားလိုက်တော့သည်

"Babe သားဘာလို့ငိုနေတာတုန်း"

ဪ ဘယ်ကပြန်လာမှန်းမသိပေမယ့် သူ့သားကျတော့တော်တော်စိတ်ပူတတ်တယ်

"မသိဘူး"

အနားကိုလာကာ လက်ထဲက သားကိုသူက
ယူချီကာ လမ်းလျှောက်ပေးပြန်သည် အာပြဲကတော့ငိုနေတုန်းဘဲ

"သား ဗိုက်အောင့်လို့လား ဘယ်နားလဲ"

နားမလည်သည့်ကလေးကိုစကားမျိုးစုံနဲ့ချော့မေးနေသည့်အကိုက တကယ်စိုးရိမ်နေပုံရသည် liam ကသာ သားအပေါ်ပြန်ဆိုးပေမယ့် အကိုကတကယ်ကို သူ့သားတစ်ခုခုဖြစ်မည်ကိုစိုးရိမ်နေပုံရသည် သားငိုနေတာကိုမကြည့်ရက်တဲ့အဆုံး အနားသွားကာ ကိုက်ထားသည့်အရာလေးအား လက်ကလေးနဲ့ ဖွဖွလေးမြှောက်ကာ အကို့အားပြလိုက်တော့သည်

"Liam ကိုက်ထားတာလား"

"အင်း"

"ကလေးသေးသေးလေးကိုဘာလို့ကိုက်တာလဲ"

"သူ့လက်တုတ်တုတ်လေးတွေကလိုက်တို့‌နေတာနဲ့ အသည်းယားလာလို့"

"အော် liam ရယ်အဲ့လိုလုပ်စရာလား သားနာသွားမှာပေါ့"

Liam စိတ်ထဲထင့်သွားရသည် သူကဘဲဖခင်ကောင်းပေါ့ ကိုယ့်သားသမီးကို ဘယ်သူကအသေလုပ်မလဲ အခုဟာကလည်း အသည်းယားလွန်းလို့ ဖွဖွလေးစလိုက်တာကိုသူကိုကော အဖြစ်သည်းနေသည်......

သူစိမ်းတစ်ယောက်ကိုချစ်မိတဲ့အခါ(OC) CompletedOù les histoires vivent. Découvrez maintenant