[System: မပြောချင်မဲ့ ပြောရဦးမယ် သူက အစတည်းက ဆံပင်မွှေးတစ်ေချာင်းတောင် နေရာမရွေ့ပါဘူးနော် နင်ကတော့ ဇွတ်လှည့်ပြီး ရှေ့တိုးသွားတာ]လို့ ဥမစကားကြောင့် ဝမ်ဖေးရန် နားထိပ်များ ရဲသွားပြီး

'အမှန်ပြောရင် ရွာပြင်ထုတ်ခံရတယ်'

[System:ငါက မြို့မှာနေတာ ᕕ( ᐛ )ᕗ]

ဒီဥမကို လစ်လျူရှုထားတာ အကောင်းဆုံးပဲ၊သူဟာ အနည်းငယ်ခွာသွားသည့်စစ်လုံဟန်ကို ကြည့်ရင်း

"စစ်လုံဟန် မင်းမှာ အဖေရှိလား  ဟိုရုပ်အရမ်းချောတဲ့အဖေမျိုးပေါ့? ပြီးတော့ အေးတိအေးစက်နဲ့ သတ်ဖြတ်ခြင်းအရှိန်အဝါတွေထွက်နေတာလေ... " လို့ ပြောလိုက်ရင်း ထိုနေ့က မြင်ခဲ့တဲ့သူရဲ့မျက်နှာကို ပြန်တွေးကြည့်ရင်း သူ့စိတ်များဟာ ယောက်ယက်ခတ်လာတော့သည်၊

တကယ်ပဲ အဲ့လူကြီးက သူ့ကို ကြောက်ရွံ့မှုဖြစ်စေတာ အမှန်ပေ၊အခု သူ့ရှေ့ရှိလူငယ်လေးဟာလည်း ထိုအတိုင်းပင် သူတိုမှာတူညီသည့်မျက်ဝန်းများရှိသလို တူညီသည့်အော်ရာလည်း ရှိနေပြန်သည်၊ ဒါပေမယ့် သူ့စကားကို ကြားကြားချင်းမှာ ထိုလူငယ်ဟာ ဗိုက်ဖိကာ အသေအလဲရယ်မယ်လို့ မထင်ခဲ့တာ အမှန်ပေ၊ထိုလူငယ်ရဲ့အသံက သြရှရှလေးဖြစ်နေတာကြောင့် အိုမင်းဟောင်းနွမ်းနေသည့် ခေါင်းလောင်းကြီးကို လေကြမ်းဟာ အပြင်းအထန်တိုက်ခိုက်လိုက်သည့်အခါမှာ ထွက်ပေါ်လာသည့်အသံလိုပင် နားထောင်လို့ အလွန်ကောင်းပြီး ပါးစပ်အကျယ်ကြီးဖွင့်ကာ ရယ်မောနေပေမယ့် နည်းနည်းလေးတောင် ရုပ်ဆင်းမပျက်သွားဘဲ ပိုမိုကြည့်ကောင်းနေပြန်သည်၊ဒါ​ကြောင့် ဝမ်ဖေးရန်မှာ သူ့စကားကို လှောင်ရယ်မောသည့်သူကို စိတ်တောင် မဆိုးရက်တော့ပဲ

'သြော်...ရုပ်ချောခြင်းရဲ့အာသာချက်တွေပါလား' လို့ မှတ်ချက်ကို စိတ်ထဲမှာ ချမှတ်လိုက်တော့သည်၊တအောင့်ကြာတော့ စစ်လုံဟန်ဟာ အရယ်ဝသွားပြီး သူ့ကို ငေးမောကြည့်နေသည့် ဝမ်ဖေးရန်ကို ကြည့်ရင်း သူ့မျက်ဝန်းများဟာ ပိုမိုနက်မှောင်သွားကာ ရှေ့တိုးလာပြီး

"တကယ်လို့ ကျွန်တော်က အဲ့တစ်ယောက်ဖြစ်နေမယ်ဆိုရင်ကော" လို့်ပြောလိုက်တော့ ဝမ်ဖေးရန်ဟာ နောက်ဆုတ်သွားပြီး ပြန်လည်ရယ်မောလာတော့သည်

Systemက ကျွန်တော့်ကို Novelထဲ ထည့်သွားတယ်ဗျို့(own Creation)Where stories live. Discover now