အခန်း ( ၃၁)

1.6K 110 51
                                    

{ Unicode Version }

Highway လမ်းမထက်တွင် Super Custom ကားလေးတစ်စီးဟာ အရှိန်အဟုန်နဲ့ လေဟုန်ကိုခွင်းကာ ခရီးနှင်လေနေ၏။

ခရီးသည်ဟူ၍ လူခြောက်ယောက်မျှသာပါပြီး သူအာရုံနှင့်သူ ရှိနေကြသည်။

ကားမောင်းသူနေရာမှာ နေရာယူထားသူက ဘုန်းသာလျှံ။

သူ့ဘေးတွင်တော့ နေကောင်းခါစဖြစ်သည့် သံစဥ်မောင် ကလိုက်ပါလာ၏။

နေကောင်းခါစဖြစ်သည့်အတွက် တစ်ပတ်လောက်နားပါဦးဟု ပြောထားသော်လည်း ပေးထားသောကတိအတိုင်း မလွှဲမရှောင်သာဘဲ ပင်လယ်ကမ်းခြေဘက်သို့ခရီးထွက်ပေးရလေသည်။

မနက်ဝေလီဝေလင်းကတည်းက ထလာခဲ့ရသည့်အတွက် ကားဘောင်ကိုမှီကာ အိပ်မောကျနေလေသည်။

နောက်တန်းတွင်တော့ တစ်ဦးကိုတစ်ဦးမှီကာ အိပ်မောကျနေကြသည့် သွေးသစ်နှင့်သလင်းတို့ အတွဲရှိကြလေ၏။

သူတို့နောက်မှာတော့ ဂိမ်းဆော့နေသည့် မင်းသန့်ကိုကို၏ပေါင်ပေါ်တွင် ခေါင်းတင်ကာအိပ်နေသည့် နေ့သစ်တို့က နေရာယူထားကြပြီ။

ဘုန်းသာလျှံ ကားလေးကို တဖြေးဖြေးမောင်းလာရင်း လက်ဖက်ရည်ဆိုင်တစ်ခုရှေ့တွင် ကားထိုးရပ်လိုက်သည်။

'' ကဲ...အားလုံး ထကြတော့ ''

ဟု အောင်မြင်ခန့်ညားသော အသံနှင့် ဆော်သြလိုက်သော်လည်း ကားပေါ်မှသကောင့်သားတို့က တုပ်တုပ်မှမလှုပ်။

မအိပ်ဘဲကျန်နေသော ဂိမ်းကစားနေသည့် မင်းသန့်ကိုကိုကပင် ဘုန်းသာလျှံ၏စကားအား ကြားဟန်မပြု။

ဘုန်းသာလျှံ ကားပေါ်မှ အသာဆင်းကား တစ်ဖက်မှကားတံခါးဆီသွားကား တံခါးဖွင့်လိုက်ပြီး သံစဥ့် ပခုံးနှစ်ဖက်အား လှုပ်ကာနှိုးလိုက်၏။

'' သံစဥ်..သံစဥ်...ထတော့၊ ခဏထဦး.....''

လေသံတိုးတိုးလေးနှင့် နှိုးလိုက်တော့ အိမ်မောကျနေသည့် ကလေးက တွန့်ကာလူးကာနှင့် မျက်စိဖွင့်ကြည့်လာ၏။

'' ဝါး...ဟင်...ဦး ရောက်ပြီလား ''

ကားပေါ်မှမဆင်းသေးဘဲ ဘေးပတ်ဝန်းကျင်အား ကြည့်ကာ မေးလာသည်။

ချစ်သူ့ရင်ခွင်ထက်ဝယ် (မောင့်ချစ်သူ) [ Complete ] Where stories live. Discover now