အခန်း ( ၂၇)

1.5K 120 25
                                    

{ Unicode }

ကျယ်ဝန်းသော ခြံကြီးအတွင်း အလှပန်းပင်များ ပတ်ပတ်လည်ဝန်းရံထားသည့် မြက်နုလေးများခင်းထားသော မြေကွက်လေးအတွင်း စားပွဲခုံရှည်တစ်လုံးနှင့်အတူ အစားအစာများစွာကို တည်ခင်းဧည့်ခံထား၏။

သွယ်တန်းထားသည့် မတူညီသောအရွယ်အစားနှင့် ပုံသဏ္ဍာန်အမျိုးမျိုးသော မီးကြိုးတန်းလေးများ၏ မီးရောင်စုံနှင့် ခပ်အေးအေးဂီတသံလေးတွေက ည၏ အမှောင်နှင့်တိတ်ဆိတ်မှုကို ဖြိုခွင်းနေသလို။

'' ကဲ လူစုံပြီဆိုတော့ ပွဲလေးကိုစကြရအောင် ''

ဒေါ်ရူပါမျိုးက ဦးဆောင်လိုက်ပြီး ပွဲအခမ်းအနားကို စတင်လိုက်သည်။

သည်ပွဲမှာ သွေးသစ်တို့အတွဲ၊ နေ့သစ်တို့အတွဲနှင့် ကြီးမြ၊ ဒေါ်ရူပါမျိုး တို့သာရှိ၏။

မရှေးမနှောင်းမှာပင် လက်ဆောင်များ အသီးသီးပေးကြလေသည်။

'' ရော့....ဒါသားအတွက် မွေးနေ့လက်ဆောင် ''

ဒေါ်ရူပါမျိုးသည် စာရွက်စာတမ်းအချို့ထည့်ထားသည့် စာအိတ်အကြီးတစ်ခုပေးသဖြင့် သွေးသစ်က လှမ်းယူလိုက်သည်။

' ဖွင့်ကြည့် ' ဆိုသည့်သဘောနှင့် မေးငေါ့ပြသည့်အတွက် သွေးသစ် ထိုစာအိတျကျိုဖောကျကွညျ့လိုကျတော့ သွေးသစ်အဖေတည်ထောင်ခဲ့သည့် သစ်လုပ်ငန်း၏ ပိုင်ဆိုင်မှုအားလုံးကို လွှဲပြောင်းပေးသည့်စာချုပ်နှင့်အတူ အိမ်၊ခြံ နှင့် အမွေပစ္စည်းအားလုံးအား လွှဲပြောင်းပေးထားသည့် စာချုပ်တို့ပင်။

ဒီအခြေအနေကို ကြိုမျှော်လင့်ထားပေမယ့် ဒီလောက်အမြန်ကြီးဖြစ်လာမယ်ဟု မထင်ထားသည်မှာအမှန်။

ဒေါ်ရူပါမျိုးအား ကြည့်လိုက်တော့ သူ့အားပြုံးပြနေပါ၏။

စာချုပ်ကလည်း အားလုံးပြည့်စုံအောင်လုပ်ထားပြီး သွေးသစ်၏ လက်မှတ်တစ်ချက်သာလိုတော့သည်။

သွေးသစ်သည် သလင်းကိုပါလှည့်ကြည့်လိုက်တော့ ' ဘာဖြစ်လို့လဲ ' ဟူသည့် အမေးနှင့် ပြန်ကြည့်လာသူက သလင်း။

သွေးသစ်က သလင်းအား ထိုစာချုပ်တွေကို လှမ်းပေးလိုက်တော့ ယူကြည့်လိုက်ပြီး သလင်းပါအံ့အားသင့်သွားရသည်။

ချစ်သူ့ရင်ခွင်ထက်ဝယ် (မောင့်ချစ်သူ) [ Complete ] Where stories live. Discover now