အခန်း (၁၅)

1.8K 175 80
                                    

Unicode

ညက နောက်ကျမှ အိပ်ရာဝင်ခဲ့သော်လည်း အခန်းထဲတွင် သင်းပျံ့နေသည့် ဆန်ပြုတ်အနံ့လေးကြောင့် သွေးသစ် အိပ်ရာမှနိုးလာသည်။

လူကတော့ သူစအိပ်ခဲ့သည့် ဆိုဖာပေါ်တွင်ရှိနေသော်လည်း စောင်အဖြူမထူမပါးလေးက သွေးသစ်ရဲ့ကိုယ်ပေါ်တွင် လွမ်းခြုံထားသည်ကို တွေ့လိုက်ရသည်။

ဆိုဖာထက်မှ အသာအယာထကာ မတ်တပ်ရပ်လ်ိုက်ပြီး လက်ဆန့်ခြေဆန့်ကာ ခါးကိုလှည့်ကာ အကြောအချင်တို့ပြေအောင် လုပ်နေ၏။

တစ်ညလုံး ဆိုဖာပေါ်မှာ ကျဥ်းကျပ်စွာအိပ်နေခဲ့ရတော့ အတော်ပင်ညောင်းချိနေပေသည်။

ထို့နောက် မွှေးပျံ့စွာထွက်ပေါ်နေသည့် ဆန်ပြုတ်အနံ့လေး၏ ဇာစ်မြစ်ကိုလိုက်ရှာလိုက်နေတော့သည်။

သိပ်မကြာပဲ မီးဖိုချောင်မှာ ဆန်ပြုတ်ကျိုနေသည့် သလင်းကို တွေ့လိုက်ရ၏။

"အဟမ်း....''

သွေးသစ်က အသံပေးလိုက်တော့မှ သလင်းက သူ့ကိုကျောပေးနေရာမှ လှည့်ကြည်လာသည်။

"မျက်နှာသွားသစ်လိုက်..၊ပြီးရင် ထမင်းစားစားပွဲမှာ စောင့်နေမယ်...၊ မြန်မြန်လုပ် ကိုယ်အလုပ်သွားရဦးမယ်''

သွေးသစ်က ဘာမှပြန်မပြောသော်ငြားလည်း ခေါင်းတော့ညိတ်ပြပါလေရဲ့။

သွေးသစ်ရေချိုးခန်းထဲဝင်သွားတော့မှ အဆင်သင့်ဖြစ်နေသော ဆန်ပြုတ်ကို ပန်းကန်၂လုံးထဲသို့ ခူးခပ်ထည့်လိုက်၏။

သူ့အတွက် မပါမဖြစ် လိမ္မော်ရည်တစ်ခွက်နှင့် သွေးသစ်အတွက်တော့ ဘာပြင်ပေးရမလဲမသိ၍ ရေတစ်ခွက်သာ ပြင်ပေးလိုက်သည်။

လိုအပ်တာအားလုံးကို ထမင်းစားစားပွဲပေါ်တွင် ပြင့ဆင်ထားလိုက်ပြီး သွေးသစ်အလာကို ထိုင်စောင့်နေလိုက်၏။

မျက်နှာသစ်ပြီး ကြည်လင်ဝင်းပနေသော မျက်နှာချောလေးနှင့် သွေးသစ်က ထမင်းစားခန်းထဲ လျှောက်လာပြီး ထမင်းစားစားပွဲတွင် ဝင်ထိုင်လိုက်လေသည်။

"ရော....ကိုယ်လည်း ဆန်ပြုတ်ပဲပြုတ်ထားလိုက်တယ်...၊ ကြက်သားမရှိလို့ ကြက်ဥလေးနဲ့ပြုတ်ပေးထားတယ်...၊ အညှီပျောက်အောင် ဂျင်းနဲ့ကြက်သွန်လေးပါထည့်ထားတယ်...၊ မင်း အစမ်မစားတာမလို့..ငရုတ်ကောင်းလေးနဲနဲဖြူးပေးထားတယ်..''

ချစ်သူ့ရင်ခွင်ထက်ဝယ် (မောင့်ချစ်သူ) [ Complete ] Where stories live. Discover now