21.Missing_long_days

Start from the beginning
                                    

ဒါပေမဲ့မဖြစ်သင့်တာမဖြစ်ရလေအောင်သူမအတက်နိုင်ဆုံးတားဖို့ကြိုးစားမိသည်ကရှောင်းကျန့်နဲ့ဝမ်လေးစီအဆက်မပြတ်ဖုန်းခေါ်ဖို့သာတက်နိုင်သည်။ခုချိန်ကြီးမောင်နဲ့ဝမ်လေးအတူရှိနေတာမဟုတ်ရင်ပြဿနာမရှိပေမဲ့တကယ်သာအဲ့လိုဆိုရီလျှမ်း ရိပေါ်အတွက်ရင်မအေးနိုင်ပါ။သူမတူလေးကထိခိုက်လွယ်လွန်းသည်လေ။

ကိုင်သူမဲ့မရေမတွက်နိုင်သည့်ဖုန်းcallတွေ ရင်တမမနဲ့ရီလျှမ်းမှာအိပ်ခန်းထဲဟိုလျှောက်ဒီလျှောက်နဲ့ရိပေါ်ကိုပိုလို့စိုးရိမ်လာရတယ်။ဝမ်လေးအပေါ်မောင့်စိတ်ရိုင်းတို့အားယနေ့ချိန်ထိတည်မြဲနေဆဲဖြစ်သည့်သူမတို့ရဲ့အေးစက်စက်ပတ်သပ်မှုကရံဖန်ရံခါတားနိုင်ကောင်းပါရဲ့။အကယ်၍မောင့်ရဲ့မချိုးနှိမ်လိုက်နိုင်ခြင်းကြောင့်နစ်နာသူသာဝမ်လေးဖြစ်သွားမယ်ဆိုသူမကိုယ်သူမအပြစ်တင်လို့ဆုံးမည်မဟုတ်။

ကတောင်!(messageဝင်သံ)

မအိပ်နိုင်ဖြစ်နေသည့်ရီလျှမ်းထံည၁၂တိတိမှာဝင်လာသည့်တစ်စောင်တည်းသောmessageလေး။

|Happy Birthday ကိုယ့်ရဲ့လျှမ်းငယ်...|တဲ့။

ပူလောင်နေသည့်စိတ်အစဥ်အတွင်းလေနုအေးလေးဖြတ်တိုက်လိုက်သည့်နှယ်ရီလျှမ်းမျက်နှာထက်အပြုံးတစ်ပွင့်ကလွင်ခနဲ။သူမဆုံးဖြတ်ချက်ကဒီတခါတော့လုံးဝမှားတော့မည်မဟုတ်။ထိုအရာကသာအစစ်အမှန်ဖြစ်ကြောင်းသူမတပ်အပ်သိလိုက်ပြီ။

.......................

"အင်းးး...ချာတိတ်!..."

မျက်လုံးမဖွင့်ပဲအိပ်ရာထက်စမ်းမိတော့အေးစက်နေသည့်ဟာလာဟင်းလင်းအထိတွေ့။အလိိုမကျစွာမျက်ခုံးတွေတွန့်ချိုးလိုက်ရင်းရှောင်းကျန့်မျက်လုံးတွေဖျက်ခနဲဖွင့်ကြည့်မိတယ်။သူကုတင်အောက်ပစ်ချထားသည့်ရှပ်အဖြူလေးကထိုနေရာမှာပင်အပုံလိုက်ရှိနေပေမဲ့ချာတိတ်ဝတ်လာသည့်အဝတ်တွေတော့ရှိမနေခဲ့။ဘာလဲ ချာတိတ်ရှိမနေတော့တာလား။

အတွေးနဲ့အိပ်နေရာမှငေါက်ခနဲထထိုင်လိုက်ပြီးကိုယ်ပေါ်ကဖဲစောင်ကြီးဆွဲဖယ်လိုက်တော့အိပ်ရာခင်းဖြူဖြူထက်တင်ကျန်နေသည့်foodchainလေး။ဒါဘာအခြေနေလဲ။ချာတိတ်ကဒီချိန်ဒီနေရာမှာသူ့အနားရှိနေရမှာမဟုတ်လား။

FOLLOW ME[Complete]Where stories live. Discover now