အပိုင်း ၂၁

Comenzar desde el principio
                                    

'' အမိန့်နာခံလျက်ပါ မင်းသား ''

ရှီဖုန်း ပိုင်ဝေ့ရှင်းလက်အား ကိုင်ကာ ပါးစပ်မှ.. '' ရှင်းအာ ကိုယ်တောင်းပန်ပါတယ် မင်းမကြိုက်တာ ကိုယ်ဘာမှမလုပ်တော့ဘူးလို့ ကတိပေးပါတယ်ကွာ ကိုယ့်ဆီကို အမြန်ဆုံးပြန်လာပေးပါနော်. ''

ကုတင်ပေါ်မှာ ငြိမ်သက်စွာနေသော ပိုင်ဝေ့ရှင်း spaceထဲတွင် ဖြူလုံးနှင့်ရန်ဖြစ်နေလေသည်။

ပိုင်ဝေ့ရှင်း...... ပြောတော့ အာ့လောက်မနာဘူးဆို သုံးနာရီလေးမေ့နေရုံပါဆို ချီးပဲ ရင်ဘတ်ကိုအောင့်နေတာပဲဟမ် သွေးတွေလဲအန်ရသေးတယ် ငါ့သွေးလေးတွေကုန်ပါပြီ

System..... အိုင် ဘာမှမသိ အိုင် ဘာမှမလုပ် လုပ်ရင်လဲ အိုင်မဟုတ် 😇😇

ပိုင်ဝေ့ရှင်း...... နင် အခုမှ ငုံတာဥမလုပ်နဲ့ bad reviewပေးပစ်မယ် ကြယ်တွေပြန်ဖြုတ်ပစ်မယ် အခုချက်ချင်း သက်သာအောင်လုပ်ပေးစမ်း

System...... အလကားမရဘူး points 200ပေးရမယ် ဘာမှဝေဒမခံစားရပဲနဲ့ အခုချက်ချင်းသတိပြန်ရမယ်

ပိုင်ဝေ့ရှင်း..... နင်အရမ်း အမြတ်ကြီးစားတယ် ဖြူလုံး သူများsystemတွေများ သူတို့hostကို ဘာလက်ဆောင် ညာလက်ဆောင်ပေးရတာနဲ့ နင်နဲ့များကွာပ အူးဝါးးးး ငါလေးကို systemပြောင်းပေး ပြောင်းပေး

System....... အမလေး ပြောင်းပြန်တွေပြောမနေနဲ့ ဒီက အရင်ဆုံး တင်ပြပြီးပြီနော် ပြောင်းမရလို့ ငြိမ်နေတာ ဘာမှတ်နေလဲ အရိုင်းအစိုင်းhostနဲ့ အတူမနေချင်ပါဘူး ဝယ်မှာလားမဝယ်ဘူးလားပြော

ပိုင်ဝေ့ရှင်း....... ငုံးကောင်system ဝယ်မယ်ဟေ့ ဝယ်မယ်

System....... points 200ဖြတ်လိုက်ပါပြီ အသက်ပြင်းပြင်းတချက်ရှုလိုက်ပါ သတိရပါလိမ့်မယ်

ပိုင်ဝေ့ရှင်း.... နင်နဲ့ငါ ပြီးမှရှင်းမယ်

ပိုင်ဝေ့ရှင်း spaceထဲမှာ ဖြူလုံးနဲ့ရန်ဖြစ်နေစဥ်
ရှီဖုန်းနှင့် သံတမန်အဖွဲ့များအကြား တင်းမာမှုက အတော်ပြင်းထန်နေလေသည်။ သံတမန်များဘက်က လုံးဝစကားမဟသဖြင့် စိတ်ထဲရှိတဲ့အတိုင်း သတ်လိုက်ပြန်လျှင်လဲ ပိုင်ဝေ့ရှင်းအသက်အတွက် စိုးရိမ်ရသည်။ အလိုက်အထိုက် လျော့ပေးနေပမဲ့ စကားစလုံးဝမရချေ။ ပိုင်ဝေ့ရှင်းအသက် အချိန်နှင့်အမျှအရေးကြီးနေသည့်အတွက် အတတ်နိုင်ဆုံးချိုသာနေမိသည်။ နောက်ဆုံးတွင် ပိုင်လန်းဟူသောအမျိုးသမီးမှ စတင်စကားပြောလာသည်။

ချစ်သောဗီလိန်လေး 1  (Complete) Donde viven las historias. Descúbrelo ahora