၃၂။အထီးကျန်မှူကင်းဝေးပြီ..

3.5K 324 10
                                    

Uni

"ဟတ်ချိူး...ဟတ်ချိူး....ရွှတ်...''

ဆိုင်ထဲကို၀င်လာတာလူမမြင်ရသေးပေမယ့်အသံဖြင့်နှူတ်ဆက်နေပါသောအကိုဖြစ်သူကိုဇေယံသာမော့ကြည့်လိုက်ရင်းမေးလိုက်သည်...။

"ကိုသွေး...နေမကောင်းဘူးလား...''

သွေး ညီဖြစ်သူအမေးကိုခေါင်းယမ်းပြလိုက်သည်...။

"နည်းနည်း ဖျားချင်နေလားမသိ..မနေ့ကရေချိူးတာကြာသွားတဲ့အပြင်ညက စောင်မခြုံမိလို့အအေးပတ်သွားတယ်ထင်တယ်..''

"အာ့ဆို ကျွန်တော်မသွားတော့ဘူးလေ...နောက်ရက်ပြန်ချိန်းလိုက်မယ်....နားလိုက်ပါလား.''

ဇေယံသာအပြောကိုကြားသည်နှင့်ဆိုင်ခန်းအဝင်ဝကတည်းကနှူတ်ခမ်းစူထော်ပြီးဝင်လာသူကိုမျက်ခုံးပင့်ပြလိုက်သည်...။

"ဟိုမှာကထော်နေပြီ....သွားပါ..ရတယ်..အရမ်းကြီးလုပ်စရာမှမလိုတာ...ထိုင်နေရုံပဲကို...အလုပ်က ကလေးတွေလည်းရှိနေတာပဲ....''

"ဟွန်း...ဒီနေ့မားကဘယ်မှမသွားပဲစောင့်နေတာနော်....ပျက်လို့မရဘူး...''

လက်ညိုးတစ်ထောင်ထောင်နဲ့အမိန့်ပေးနေသူကိုကြည့်ကာ သွေး နှာခေါင်းရှုံ့ပြလိုက်သည်...။

ငါ့ညီကိုနိုင်နေတာမြင်မကောင်းဘူး...။

"မဟုတ်ဘူးလေ..ကိုကိုရ..ကိုသွေးနေမကောင်းဘူးလေ...''

"ဟင်..ဟုတ်လား...အာ့ဆိုဆိုင်ပိတ်လိုက်လေ..''

အကြံကောင်းပေးလာသောမာန့်အပြောအကြောင့်သွေး မျက်စောင်းထိုးလိုက်ပြီးလက်သီးချိန်ပြရင်း​ခပ်ရွဲ့ရွဲ့ပြောလိုက်၏။

"အမလေး..သွားပါ..သွားပါ..သူတို့ကဲချင်တာနဲ့ငါ့ဆိုင်လေးကိုပစ်ထားချင်နေကြတာ...တော်ပြီဇေယံသာ..မင်းကိုဆိုင်မပေးတော့ဘူး....''

"အောင်မာ..ဘာလို့မပေးရမှာလဲ...ဒီဆိုင်ကို မောင်ကကြည့်ပေးနေတာလေ....မင်းမလာတာကြာပြီကို..နောက်ပြီးအန်ကယ်လ်ဆီကကြားထားပြီးသားမင်းဒါကို မောင့်ပေးဖို့.လက်မှတ်ထိုးထားပြီးသားဆိုတာ..ဟွန်း..''

နေပါအုံး..အခုကမာန်တစ်ယောက်စွာတေးလန် ပြီးနှုတ်သီးကောင်းလျှာပါးနဲ့ရန်ထောင်တာကို သွေး ခံနေရတာလား..။ပေးရမယ့်သူက ခပ်အင်အင်တောင်ဖြစ်သွားရသည်...။သူ့လင်အတွက်ဘယ်ချိန်ကတည်းကသွေးဆီကနေအရတောင်းပေးချင်နေတယ်မသိ..။

သွေးစက်ကလေးရဲ့စစ်မှန်သောရိုးတွင်းချဥ်ဆီ(Completed)Where stories live. Discover now