၃။အချစ်ကမင်းအနားမှာပါ

5.5K 498 4
                                    

Uni

တက္ကသိုလ်ပထမနှစ်စတက်သည့်နေ့...။

အချိန်တန်ရင်ကိုယ့်စီးပွားရေးကိုပဲဆက်ခံလုပ်ကိုင်ရမည်မို့ သွေး...English မေဂျာကိုပဲပေါ့ပေါ့ပါးပါးယူလိုက်သည်။

အိမ်ကနေမတက်ပဲ အပြင်မှာသီးသန့်ကိုယ်ပိုင်တိုက်ခန်းနဲ့နေရဖို့ကို သွေး ဒယ်ဒီဆီကမနည်းခွင့်တောင်းလိုက်ရသေးသည်။

မာမီနဲ့ဘွားကတော့..သွေးအိမ်မှာမရှိလေကောင်းလေပေါ့..။

ကိုယ့်စိတ်ကြိုက်တိုက်ခန်းရှာပြီးသည်နှင့်ဒယ်ဒီကိုအသိပေးလိုက်တော့လိုအပ်သောပရိဘောဂမှန်သမျှဝယ်ထည့်ပေးတာကြောင့်အဆင်သင့်ဝင်နေရုံသာ။

သီးသန့်တိုက်ခန်းဆိုပေမယ့်..တက္ကသိုလ်ကေိာင်းသားဘဝကိုခံစားစီးမျောချင်တာကြောင့်အဆောင်တွေရှိတဲ့ရပ်ကွက်ထဲမှာပဲဝယ်ဖြစ်လိုက်သည်။

SOLO ရပ်ကွက်ရဲ့ညနေခင်း....

​ညနေရောက်တော့ရေချိူးပြီးရပ်ကွက်ထဲလျှောက်ကြည့်ဖို့သွေးထွက်လာခဲ့သည်။

သွေးတိုက်ခန်းနဲ့မျက်နှာချင်းဆိုင်မှာလက်ဖက်ရည်ဆိုင်ရှိတာကြောင့်မနက်စာအတွက်မပူရတော့ပေ။

တိုက်ခန်း၏ပတ်ဝန်းကျင်ပတ်ပတ်လည်တိုင်းမှာတော့မိန်းကလေးဆောင်..ယောကျ်ားလေးအဆောင်စသည်ဖြင့်စုံလင်နေရော။

မိန်းကလေးအဆောင်တွေရှိရာဆီမှစာကျက်သံတို့ကြားရပြီးယောက်ျားလေးဆောင်ရှိရာဘက်ဆီမှကြားရသည်ကဂစ်တာတဒေါင်ဒေါင်တီးနေသည့်အသံပင်...။

သွေးတိုက်ခန်းရဲ့ဘေးကပ်ရပ်မှာတော့သော့ခတ်ပိတ်ထားသည့်နှစ်ထပ်အိမ်လေးတစ်လုံးလည်းရှိနေသေးသည်။

ရပ်ကွက်ထဲတစ်ပတ်ပတ်ပြီးတိုက်ခန်းပြန်လာတော့...သွေးအိမ်ရှေ့မှာလူတစ်ယောက်ရပ်နေသည်မို့ သွေးအသေအချာကြည့်လိုက်သည်...။

ဘယ်သူဆိုတာကွဲပြားသည်နှင့်စိတ်ပျက်လက်ပျက်ကျွတ်သပ်မိသည် ..။

စိတ်ပျက်စရာတွေရောက်လာပြန်ပြီ...။

"ဘယ်သူများလဲလို့.....ဖိုးသဲပါလား...''

သွေးစက်ကလေးရဲ့စစ်မှန်သောရိုးတွင်းချဥ်ဆီ(Completed)Where stories live. Discover now