၃၀။အနာဂတ်ကိုစတင်ဖို့ပြန်လာပြီ

3.7K 346 16
                                    

Uni

တစ်နှစ်ခန့်ကြာသော်..

နယ်မြို့လေးတစ်ခုကဆေးရုံအတွင်း၌ရှိသောလူနာကုတင်တစ်ခုပေါ်တွင်အသက် ၇၀အရွယ်အဘိုးကြီးတစ်ယောက်အမှီဖြင့်ထိုင်နေသည်..။သူ့ဘေးနားမှာတော့ကောင်လေးသေးသေးလေးတစ်ယောက်ဟာကုတင်ဘေးမှာထိုင်ရင်းရေပတ်တိုက်သန့်ရှင်းရေးလုပ်ပေးနေလေ၏..။

ထိုလူကတော့မုန်းမာန်သခင်ပင်ဖြစ်လေသည် ။

တစ်နှစ်ကျော်ကြာလာနဲ့အမျှဆေးဖြတ်တာအောင်မြင်သွားတာကြောင့်လူကောင်းတစ်ယောက်ဖြစ်နေပြီမို့ မေမေရောဘိုးဘိုးရောပီတိဖြစ်နေကြရှာသည်..။

အရာအားလုံးသိသွားတဲ့နောက်သွေးသစ္စာကိုရော သွေးဖခင်ကိုရောအားလုံးကိုဝန်ချတောင်းပန်ခဲ့သည်..။နှစ်ယောက်လုံးကအရာအားလုံးခွင့်လွှတ်ပေးခဲ့ပြီးလူကောင်းတစ်ယောက်အဖြစ်သာဆက်နေသွားဖို့သာတောင်းဆိုခဲ့ကြသည်..။

မာန်လိမ်မာနေပါပြီ..တေး။

တေးနဲ့အဆက်အသွယ်ပြတ်တာထွက်သွားကတည်းကပင်..။

ဘယ်မှာနေပြီးဘာလုပ်နေလဲမသိရ..။သွေးအပါအ၀င်အားလုံးကိုအဆက်အသွယ်ဖြတ်သွားခဲ့တာဒီနေ့အထိ...။

သွေးကတော့စာတစ်စောင်နဲ့နှူတ်ဆက်သွားသူကိုနေတိုင်းစောင့်မျှော်နေရှာသည်..။

တကယ်တမ်း မာန် သွေးကိုအစစ်မှန်ချစ်ခဲ့တာမဟုတ်နိုင်ပေ..။

ခုဆိုမာန်မှာချစ်နေရတဲ့သူတစ်ယောက်ရှိနေလေပြီ..။ခဏနေသူ့ဆီသွားရမည်မို့စိတ်လှုပ်ရှားနေမိသည်...။

မာန်ချစ်ရသူကသိပ်ချေသည်..။မာန်သူ့ကိုသွေးဆီခဏခဏသွားရင်းတွေ့ခဲ့ရခြင်းပင်။

သွေးကကော်ဖီဆိုင်တွေအားလုံးကိုထိန်းရုံပဲထိန်းကာအန်ကယ်လ်အလုပ်မှာဝင်ဦးစီးနေပြီးဘိုးဘိုးသတိပြန်ရလာကတည်းကတစ်ရက်မှမပျက်လာကြည့်ရှာသည်။ဒါကြောင့်အခုဆိုဘိုးဘိုးအသည်းကျော်တောင်ဖြစ်နေချေပြီ....။

"ဒေါက် ဒေါက်...ဝင်လာပြီနော်..''

အသံလေးနဲ့အတူမျက်နှာတစ်ခြမ်းအရင်ဝင်လာသောသွေးကကုတင်ပေါ်မှဘိုးဘိုးကိုပြုံးပြရင်းဝင်လာကာနှုတ်ဆက်လာ၏..။

သွေးစက်ကလေးရဲ့စစ်မှန်သောရိုးတွင်းချဥ်ဆီ(Completed)Dove le storie prendono vita. Scoprilo ora