၁၃။ရင်းနှီးလှသောလူတစ်ယောက်

3.4K 383 7
                                    

Uni

သွေးအရင်တစ်ခါမတော်တဆဖြစ်ပြီးနောက်ပိုင်း တစ်ယောက်ယောက်နောက်ယောင်ခံလိုက်နေသလို ခံစားနေရသည်။အနည်းငယ်တော့ကြောက်မိပေမယ့် ဒုက္ခပေးချင်သူမဟုတ်တာကိုတော့ရိပ်မိသည်...။ဒုက္ခပေးချင်ရင် ဒီလိုအကြာကြီးနောက်ယောင်ခံနေမှာမဟုတ်...။သွေးကဘယ်သွားသွားတစ်ယောက်ထဲမလို့ အချိန်ယူပြီးစောင်ါကြည့်နေစရာမလိုပေ...။

ဒီနေ့တော့မိဘအိမ်နဲ့အဆင်မပြေတာကြောင့်...စိတ်ဖြေဖို့ bar တစ်ခုကိုထွက်လာခဲ့သည်..။

Haven bar. .။

လူချမ်းသာတို့သီးသန့်ပျော်စံရာဘုံတစ်ခု...။လူလည်းသန့်သည်မို့ မင်းသားမင်းသမီးတို့ကအစကျက်စားရာနယ်မြေ...။ဆိုင်ရှေ့ရောက်တော့ စစ်ဆေးရေးအား vipကဒ်ထုတ်ပေးလိုက်ပြီးနောက် မီးရောင်စုံတွေကြားခုန်ကနေသောလူတွေကြားတိုးဝင်လာခဲ့သည်။

မြူးကြွတဲ့တီးလုံးနှင့်လိုက်ဖက်စွာယိမ်းနွဲ့ကသူတွေ..လက်တွေကိုလွတ်လပ်စွာမြှောက်ရင်းခုန်ကသူတွေက စိတ်ပျော်စရာအတိကိုရှာဖွေနေကြသလိုပင်..။ပုံမှန်သာဆို သွေး ဝင်ကတက်ပေမယ့် ဒီနေ့တော့ဖြင့်ကချင်စိတ်မရှိ...။ဘားမှာပဲထိုင်ကာ ဝိုင်တစ်ပုလင်းမှာပြီးပုလင်းလိုက်မော့သောက်နေမိသည်။

ဝိုင် ၄ ပုလင်းမြောက်...။ရီဝေဝေဖြစ်လာသည်။တရိပ်ရိပ်နဲ့မူးလာတာကြောင့်ထပြန်ဖို့ပြင်နေတုန်းပခုံးကိုဝင်တိုက်သွားတဲ့လူတစ်ယောက်ဆီကရင်းနှီးလှသောအနံ့တစ်ခုကလူကိုအနည်းငယ်မျှအမူးပြေသွားစေသည်...။ထိုနောက်တရိပ်ရိပ်မူးလာသည့်ခေါင်းကိုတစ်ချက်ယမ်းခါလိုက်ပြီးကြည့်လိုက်တော့ကိုယ့်ရှေ့မှာ ထိုအရိပ်ကမရှိတော့။လူမှားတာလို့တွေးရင်းဆိုင်ထဲကပြန်ထွက်လာခဲ့ပြီး မူးရင်ကားမမောင်းတက်သူမို့ ကားအငှားမောင်းသူအားဖုန်းဆက်ခေါ်ထားတာကြောင့် barရှေ့မှာရပ်စောင့်နေလိုက်သည်။

"အကို..ကားအငှားခေါ်ထားတာလားဗျ''

ချည်သားအကွက်လက်ရှည်အပြာနုကို ပုဆိုးအနက်ဖြင့်တွဲဝတ်ထားသောလူတစ်ယောက်ကရှေ့တည့်တည့်၌ရပ်ကာမေးတာကြောင့်မော့ကြည့်လိုက်တော့ ရယ်ပြနေသည်ကို၀ိုးတ၀ါးမြင်နေရသည်...။

သွေးစက်ကလေးရဲ့စစ်မှန်သောရိုးတွင်းချဥ်ဆီ(Completed)Where stories live. Discover now