၂၇။first kissနဲ့ထိုက်တန်သူ

3.8K 378 44
                                    

Uni

တေး သွေးစက်ရှိရာဆိုင်ရှေ့ရောက်တော့ဆိုင်ထဲပြေးအ၀င်လုံခြုံရေးကပိတ်ထားတာကြောင့်ထန်းကပြေးလာပြီးvvipကတ်ကိုထုတ်ပြလိုက်သည်..။ဝင်ခွင့်ရသည်နှင့် ထိုလုံခြုံရေးတို့အားတွန်းခဲ့ကာ အထဲ၀င်လာခဲ့​ပြီးမျက်လုံးဝေ့ပြီးသူ့ရဲ့မြတ်နိုးရာလေးကိုရှာနေမိသည်..။အတန်ကြာသည့်အထိလူအများကြားရှာလို့မတွေ့..။ထိုစဥ်မျက်လုံးကဘားထောင့်မှတံခါးကြားလေးထဲအကြည့်အရောက်သူမျက်လုံးပြူးသွားရသည်. ။

အမလေးဗျာ...လူကသာပုစိ..သောက်နေလိုက်တာများပုလင်းလိုက်မော့ချနေတာကြီးရယ်..။

အရမ်းတော့မူးသေးပုံမရသေးတာကြောင့်တေးအဝေးကနေပဲမျက်တောင်မခတ်တမ်းကြည့်နေရသည်..။ခဏနေတော့မန်နေဂျာကိုခေါ်ပြီးတစ်ခုခုပြောလိုက်ပုံရသည်။ဝိတ်တာတစ်ယောက်သွေးစက်ဘေးနားရောက်လာကာအခန်းတစ်ခုထဲခေါ်သွားတာတွေ့ရသည်....။တေးမယောင်မလည်နောက်ကလိုက်ကြည့်ပြီးအခန်းရှေ့ရောက်တော့ဝိတ်တာထွက်အလာကိုစောင့်နေလိုက်သည်..။၅မိနစ်နေလို့ဝိတ်တာထွက်လာတော့ တားကာကတ်တစ်ကတ်ကိုထုတ်ပေးလိုက်ပြီးပြောလိုက်၏...။

"ဟေ့...ဒီအခန်းရှေ့ကိုဘယ်သူမှမလာစေနဲ့...ရော့..ဒီကတ်ပိုင်ရှင်ကပြောခိုင်းလိုက်တာလို့မန်နေဂျာကိုပြောလိုက်ပြီးတော့ဒီအခန်းရဲ့ cctvကိုချိတ်ပြီးtabletတစ်ခုလာပို့ဖို့ပြောလိုက်''

ဝိတ်တာကမျက်စိရှေ့ရောက်လာသည့်vvip
ရွှေရောင်ကတ်ကိုကြည့်ပြီးမျက်လုံးပြူးသွားကာအယောင်ယောင်အမှားမှားခေါင်းငြိမ့်ရှာလေသည်...။

"ဟုတ် boss''

"သွားတော့..ဘယ်သူမှမလာခဲ့နဲ့လို့...''

ဝိတ်တာလေးကပြေးထွက်သွားပြီးလမ်းအဝင်မှာမဝင်ရဆိုသည့်အတားအဆီးတစ်ခုချတားပေးသွားသည်..။ဒါသည်ဆိုင်ပိုင်ရှင်ဖြစ်သူတေးတစ်ဦးတည်းသာရနိုင်သောအခွင့်အရေးဖြစ်တာအသေအချာပင်။

ပိုင်ရှင်ကကိုယ်ဆိုပေမယ့် ဟိုခွေး အဲလေလွယ်မိုးရဲ့နာမည်နဲ့ဖွင့်ထားတာမဟုတ်လား..။ထိုစဥ်မန်နေဂျာ ဖြစ်သူကအူယားဖားယားပြေးလာပြီးTablet တစ်ခုလက်ထဲထည့်ကာခါးကိုင်းရင်းပြောလာသည်...။

သွေးစက်ကလေးရဲ့စစ်မှန်သောရိုးတွင်းချဥ်ဆီ(Completed)Where stories live. Discover now