"ဝမ်လေး!!!..."

"အင့်!..."

ရိပေါ်ပုံစံကြောင့်ထိတ်လန့်သွားသည့်ရီလျှမ်းလည်းရေဗန်းခလုတ်ပိတ်လိုက်ပြီးရိပေါ်ပုခုံးနှစ်ဖက်လှုပ်ကိုင်လိုက်တော့ရေတွေရွှဲနေသည့်ကောင်လေးကနှုတ်ခမ်းတွေပင်ပြာနေလေပြီ။

"ဘာဖြစ်တာလဲ!...ဝမ်လေး ဘာလို့ဒီလိုနေနေရတာလဲကွယ်!...တီလေးစိတ်ပူလိုက်တာ!..."

"တီ တီလေး!..."

အေးစက်နေသည့်ပါးပြင်လေးကိုခပ်ဖွဖွလှုပ်ရင်းမေးတော့မျက်လုံးမှေးမှေးလေးတွေလှန်ကြည့်လာရင်းဝမ်လေးကသူ့ကိုတခုခုပြောချင်နေဟန်။

"ထစမ်းဝမ်လေး!...လာ ကြာရင်ဝမ်လေးဖျားသွားလိမ့်မယ်..."

ရိပေါ်ကိုယ်လေးကိုပွေ့ထူရင်းရီလျှမ်းအိပ်ခန်းထဲပြန်ဝင်လာလိုက်တယ်။ဝမ်လေးကိုမွေ့ယာထက်ထိုင်နေစေပြီဗီရိုထဲကတဘက်တစ်ထည်ထုတ်ကာအမြန်သွားခြုံပေးပြန်တော့လည်းဝမ်လေးပုံစံကမလှုပ်မလျှက်နှင့်ငူငူငိုင်ငိုင်။ခုချိန်ဝမ်လေးဘာတွေခံစားနေရတယ်ဆိုတာထက်ဝမ်လေးကျန်းမာရေးမထိခိုက်အောင်သာရီလျှမ်းအာရုံစိုက်နေမိတယ်။

"ဘာလို့ဒီလိုလုပ်ရတာလဲဝမ်လေး!...တီလေးကိုစိတ်ပူပြီးသေသွားစေချင်လို့လား..."

"ကျွန်တော်မှားသွားပါတယ်တီလေး...တောင်းပန်ပါတယ်နော်..."

"ကျစ်!...ဒီကောင်လေးကတော့..."

အအေးဒဏ်ကာကွယ်နိုင်သည့်အဝတ်ထူထူတစ်စုံလဲဝတ်ခိုင်းပြီးစိုထိုင်းနေသည့်ဆံနွယ်ဝါနုနုလေးတွေကိုတဘက်နဲ့သုတ်ပေးနေရင်းမေးတော့တောင်းပန်စကားကလွဲဝမ်လေးစီကဘာမှဖွင့်ဟမလာ။အလိုမကျစွာစုတ်တစ်ချက်သပ်ရင်းငြူစူလိုက်မိတော့နီရဲနေသည့်မျက်လုံးလေးတွေလှန်ကြည့်လာရင်းအသက်မပါသလိုပြုံးသည့်ဝမ်လေး။

သူမလက်ပေါ်ပိစိကလေးကတည်းကကြီးပြင်းလာသည့်ကလေးမို့ဒီကောင်လေးဘာတွေခံစားနေရသလဲမသိနိုင်ပေမဲ့အတော်အဆင်မပြေဖြစ်နေတာတော့ရီလျှမ်းသိသည်။သို့ပေမဲ့ဝမ်လေးကသူ့ကိုထုတ်ပြောချင်ပုံမရတာမို့ခပ်နွမ်းနွမ်းမျက်နှာနုနုလေးကိုငဲ့ကြည့်ရင်းသက်ပြင်းချရတာလည်းအကြိမ်ကြိမ်။

FOLLOW ME[Complete]Kde žijí příběhy. Začni objevovat