သူစိမ်း(part-29)[Zawgyi&Unicode]

Start from the beginning
                                    

သူမခွဲခန်းထဲရောက်သွားသည်မှာ 1 နာရီလောက်ရှိပြီ ခုထိဘာမှမသိရသေးပါ အဆင်ပြေရဲ့လား နာနေမလား
စိတ်ဝိဉာဉ်ထဲလွင့်မြောခါကြောက်နေမလား ကျိုးအက်သွားတဲ့ အရိုးအတွက် သူမ
မနာကျင်ရအောင်သူဘာနဲ့ဖာထေးနိုင်မလဲ ခွဲစိတ်ခန်းရဲ့တံခါးလေးရဲ့ရှေ့မှာ မိသားစု၀င်တွေရှိတာကြောင့် ရှိန်းဇော်ခအနေနဲ့ ငိုချင်သော်လည်းထိန်းထားရသည်....
ကောင်လေးတစ်ယောက်ဟာမှောင်ညို့ကာအေးစိမ့်နေတဲ့ ခွဲစိတ်ခန်းတွေရဲ့အစွန်းက မှနပြတင်းပေါက်နားရပ်ကာအမှောင်ကိုအဖော်ပြု၍ ကျ‌လာသောမျက်ရည်တို့အားလက်ဖနောင့်နှင့် လက်လိုအားရ ဖိတ်သုတ်နေမိသည် မျက်ရည်တို့ကလည်း သုတ်လေကျလေဖြစ်နေသည်ကို

"သား အဆင်ပြေရဲ့လား"
အနောက်ကနေပခုံးကို လက်ဖြင့် ပုတ်ကာမေးလာသည့် ကျွန်တော့်အဖေ

"ဒယ်ဒီ ကျွန်တော်....ကျွန်တော်လေ"
ငိုသံများရယ်စွတ်ကာ ပြောလာသည့်သူရဲ့သားငယ် ဒီလိုငိုတာမမြင်ဖူးသည်မှာကြာလှပြီ နောက်ဆုံးတစ်ခေါက်မြင်ရတုန်းက နှင်းခကော ကိုယ်ကောအရေးကြီး case တစ်ခုကြောင့် နိုင်ငံခြားရောက်နေတဲ့ချိန် သားကို သူ့အဖွားအိမ်မှာထားခဲ့ရသည် သားကမိဘနှစ်ယောက်လုံးကိုမတွေ့ရတာကြောင့် အကြီးအကျယ်ဖျားကာ သတိပါလစ်ရသည် ငယ်သေးသည်ကြောင့်လည်းပါမည် မိဘနှစ်ယောက်လုံး ရန်ကုန်အိမ်ပြန်ရောက်တဲ့နေ့က သားမှာရှိုက်ကြီးတငင်ငိုပါလေရော အဲ့ထဲက ခုထိသားငယ်ဒီလိုငိုတာ မတွေ့မိတော့ပါ နောက်ဆုံးတော့ ဦးဇော်ခ ရဲ့သားဟာ သူ့အတွက်အစစ်အမှန်ဘ၀ကိုတွေ့ရှိခဲ့ပြီလေ

"သားရယ် ‌ဒယ်ဒီ နားလည်တယ် သမီးကော မြေးလေးကောက သားငယ်ကို သိပ်ချစ်တာမို့သူတို့တောင့်ခံနိုင်မှာပါ"

"ဒယ်ဒီ သူတို့သားဘ၀ထဲကထွက်သွားရင် သားလည်းလိုက်သွားဖို့အဆင့်သင့်ဘဲ"

"အဲ့လိုမပြောရ‌ဘူးလေ သားရဲ့မိန်းမကောသားရဲ့အသက်ကလေးကောက ကျိန်းသေပေါက်ပြန်လာမှာ"

ဦးဇော်ခ သူ့သားအားနှစ်သိမ့်ပေးမိသည် သူ့သားဒီမိန်းကလေးကိုဘယ်လောက်မြတ်နိုးလည်းဆိုတာသူအသိသည် ဒီမိန်းကလေးကလည်း သူ့သားအသက်လောက်မြတ်နိုးရအောင်ကို တန်ဖိုးရှိနေတာမျိုးဖြစ်သည်

သူစိမ်းတစ်ယောက်ကိုချစ်မိတဲ့အခါ(OC) CompletedWhere stories live. Discover now