Pt 14 (ကံကြမ္မာ​ပြောင်းပြန်) Zawgyi

Start from the beginning
                                    

??:" သိပ်မ​သေချာ​သေး​ပေမယ့်..လင်ကျူးရဲ့ ကံကြမ္မာကို တစ်စုံတခုက ဝါးမျိုသွားပီ"

ထိုစကားကိုဆိုရင်း ​ရေ​နွေးကြမ်းကျိုနေ​သောသူသည် Hong Lang ဘက်သို့ မျက်နှာလှည့်လာတဲ့အခါ

သေချာပါသည်.. တချိန်က လင်ကျုးကို ခိုးယူကာ
နံဂါးမင်း Ao Guangစီ​ပေးပီး Ao Bing ရဲ့ ဆရာဖြစ်လာခဲ့​​​​သော "ရှန်းကုန်း​ပေါက်" သာဖြစ်​တော့၏။

 တချိန်က လင်ကျုးကို ခိုးယူကာ နံဂါးမင်း Ao Guangစီ​ပေးပီး Ao Bing ရဲ့ ဆရာဖြစ်လာခဲ့​​​​သော "ရှန်းကုန်း​ပေါက်" သာဖြစ်​တော့၏။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

.
.
***Flash back***

NeZha သည် ​ကောင်း​ကောင်ဘုံရဲ့ မိုးကြိုးပစ်ဒဏ်ကို ​ကျော်လွှားနိုင်ခဲ့တဲ့​နောက်

ရှန်းကုန်း​ပေါက်သည် ​လင်ကျူး ကို ခိုးယူပီး နံဂါးမျိုးနွယ်ဝင် Ao Guang နဲ့ပူး​ပေါင်းကာ Ao Bing ရဲ့ ဆရာဖြစ်လာခဲ့တဲ့ဖြစ်ရပ်​ကြောင့် မိုးနတ်မင်း အမျက်​ဒေါသ အကြီးကျယ်ရှခဲ့ရသည်။

ပြစ်ဒဏ်အ​နေနဲ့ ရာထူးဖြုတ်ချခံရတဲ့အပြင်
အမှုထမ်း စာရင်းဝင် မှတ်တမ်း၌ ရာဇဝတ် တံဆိပ်တုံးခတ်ထားတာ​ကြောင့် ရှန်းကုန်းပေါက်သည် ​နောက်တစ်ကြိမ် အမှုထမ်းဖြစ်ဖို့ရာ ကြိုးစားခွင့်မရှိပါ​​ချေ။

သာမာန် လူသားတ​ယောက် (သို့မဟုတ်) သိုင်းသမားတစ်​ယောက်အ​နေနဲ့သာ ​နေထိုင်ခွင့်ရှိ​တော့မည်။

သို့​ပေတည့် ​ကောင်းကင်ဘုံက ဒဏ်ခတ်လိုက်​သော အမှတ်တံဆိပ်​ကြောင့် မည်သို့မျှကြိုးစား​​စေကာမူ နာမည်​ကောင်းပြန်ရဖို့ရာအခွင့်​ရေးက ​မိုးနဲ့​မြေနီးစပ်မည့် အခွင့်​​ရေးလို့သာဖြစ်၏။

ဘယ်​တော့မှ မဖြစ်နိုင်ပါ​တော့​ချေ။

ကျားသစ် လူသွင်ပြောင်းကျင့်ကြံထား​သော သူတစ်​ယောက်အ​နေနဲ့ မိမိကြိုးစားသမျှက သဲထဲ​ရေသွန်ဖြစ်ကာ ယခုလို လူ​တောသူ​တောမတိုး​တော့မည့် အဖြစ်ရပ်ကို လက်မခံနိုင်ဖြစ်လာရပီး ​နေစဉ်ဖြတ်သန်းရတဲ့ သာမန်ဘဝကို  နာကျည်း မုန်းတီးလာရ၏။

Lover Beads (NeZha & AoBing) 🔞🔞🔞Where stories live. Discover now