အပိုင်း ( ၄၉ ) ( Unicode )

Start from the beginning
                                    

သူကတော့ အခုချိန်ထိ ထိုမေးခွန်းကို ရေရေရာရာ မဖြေနိုင်သေး။ ဖြေဆိုဖို့ရာလည်း အင်အားမရှိ။ သို့သော် သေချာတာတစ်ခုကတော့ ဒီထပ်ပိုပြီး ရှောင်လွှဲဖို့ မဖြစ်နိုင်တော့ဘူးဆိုတာပင်။

ထိုစဉ် သူ့လည်ပင်းထက် ကျရောက်နေသော အနမ်းများ ရုတ်တရက် ရပ်တန့်သွားသည်ကို သတိထားမိလိုက်သဖြင့် သူ့ကို ဖက်ထားသည့် ကောင်လေးအား လေးဆက် တစ်ချက်စောင်းငဲ့ကြည့်မိသည်။

ထိုကောင်လေးက သူ့အား အသနားခံသည့် မျက်ဝန်းလေးများဖြင့် စိုက်ကြည့်နေ၏။ မျက်နှာအသွင်အပြင်က သိပ်ရွှင်ရွှင်ပျပျမရှိ။ ကြည့်ရတာ တီနှင်း၏မေးခွန်းကို ဈာန်လည်း ကြားသွားပြီထင်သည်။

အခုတလော သူ့အိမ်က လူတစ်ယောက်ယောက် ဖုန်းဆက်လာတိုင်း ဈာန်က တစ်ခုမဟုတ် တစ်ခုအကြောင်းပြကာ သူ့အနားမှာ ကပ်နေတတ်သည်။ အစပိုင်းမှာတော့ ဘာကြောင့်မှန်း မသိပေမဲ့ နောက်ပိုင်းမှာတော့ သူ ရိပ်မိလာခဲ့သည်။

ဈာန်က စိုးရိမ်နေခြင်းဖြစ်သည်။ လေးဆက် ရွာကို ပြန်လာပါ့မည်ဟု တီနှင်းတို့ကို ကတိပေးလိုက်မှာ စိုးရိမ်သည်။ သူ့ကို ထားခဲ့ကာ လေးဆက်တစ်ယောက်တည်း ရွာကို ပြန်သွားမှာလည်း စိုးရိမ်သည်။ စိုးရိမ်မှုများဖြင့် စိတ်ဖိစီးနေသည့် ကလေးငယ်အား သူ ချစ်မဝစွာဖြင့် စိုက်ကြည့်နေမိ၏။

အမှန်ဆိုလျှင် ကျောင်းပိတ်ရက်နှစ်လဖြစ်သည့် အောက်တိုဘာလနှင့် နိုဝင်ဘာလများတွင် လေးဆက် ရွာသို့ ပုံမှန်ပြန်နေကျဖြစ်သည်။ ရွာမှာ နှစ်လလုံးလုံး မိသားစုနှင့်အတူ ပျော်ပျော်ပါးပါးနေပြီး ကျောင်းပြန်မဖွင့်မီ ရက်အနည်းငယ်အလိုမှ ရန်ကုန်သို့ ပြန်လာလေ့ရှိသည်။

သို့ပေမဲ့ အခုဆို ဘာလိုလိုနဲ့ နိုဝင်ဘာလကုန်ခါနီးနေပြီဖြစ်သည်။ ရွာကို တစ်ခေါက်လေးတောင် မပြန်ဖြစ်သေးပေ။ ထို့ကြောင့်လည်း တီနှင်းတို့က သူ့ဆီ ခဏခဏဖုန်းဆက်ကာ ရွာကို ပြန်လာဖို့ လှမ်းသတိပေးနေရခြင်းဖြစ်သည်။

အခုချိန်မှာ သူ ဘီအေဘွဲ့လည်း ရပြီးပြီ။ ဒီပလိုမာဘွဲ့အတွက်လည်း စာမေးပွဲဖြေပြီးပြီ။ အစကတည်းက ဒီပလိုမာဘွဲ့ကို အဝေးရောက်ဘွဲ့ပဲ ယူမည်ဟု စဉ်းစားထားသဖြင့် သူ့အနေနဲ့ ရန်ကုန်မှာ ဆက်နေရန် အကြောင်းပြချက်မရှိတော့ပေ။

လွမ်းရိပ်ငွေ့တို့ ကြွေလွင့်ချိန် ( လွမ်းရိပ်ငွေ့တို့ ကြွေလွင့်ချိန် )Where stories live. Discover now